The Bible Software
bible.software › 1 ဓမ္မရာဇဝင်ပထမစောင် › 1 ဓမ္မရာဇဝင်ပထမစောင် 14 › 1 ဓမ္မရာဇဝင်ပထမစောင် 14:11

1 ဓမ္မရာဇဝင်ပထမစောင် 14:11

အ​မျိုး​သ​မီး​က​လည်း``အ​ရှင်​မင်း​ကြီး၊ ကျွန် တော်​မ​၏​သား​ကြီး​အ​တွက်​လက်​စား​ချေ​ရန် ကြံ​စည်​နေ​ကြ​သော​ဆွေ​မျိုး​တို့​သည် ကျွန်​တော် မ​၏​သား​ငယ်​ကို​သတ်​ခြင်း​အား​ဖြင့် ပို​မို​ကြီး လေး​သည့်​ရာ​ဇ​ဝတ်​မှု​ကို​မ​ပြု​ကြ​စေ​ရန် အ​ရှင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ဆု​တောင်း​ပတ္ထ​နာ​ပြု​တော်​မူ​ပါ'' ဟု​လျှောက်​၏။ ထို​အ​ခါ​ဒါ​ဝိဒ်​က``သင်​၏​သား​ငယ်​သည်​စိုး စဉ်း​မျှ​ဘေး​ဥ​ပဒ်​မ​ဖြစ်​စေ​ရန် အ​သက်​ရှင် တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍ ငါ​က​တိ​ပြု​၏'' ဟု​ဆို​၏။

Common Language Bible

In The King James Version

Then said she, I pray thee, let the king remember the LORD thy God, that thou wouldest not suffer the revengers of blood to destroy any more, lest they destroy my son. And he said, As the LORD liveth, there shall not one hair of thy son fall to the earth.

In Context

10မင်း​ကြီး​က``အ​ကယ်​၍​သင့်​အား​ခြိမ်း​ခြောက် သူ​ရှိ​လျှင်​သူ့​အား​ငါ့​ထံ​သို့​ခေါ်​ခဲ့​လော့။ သူ သည်​သင့်​ကို​နောက်​တစ်​ဖန်​မ​နှောင့်​ယှက်​ရ'' ဟု ဆို​၏။

12အ​မျိုး​သ​မီး​က``အ​ရှင်​မင်း​ကြီး​ကျွန်​တော် မ​အား​စ​ကား​တစ်​ခွန်း​ထပ်​မံ​လျှောက်​ထား ခွင့်​ပြု​တော်​မူ​ပါ'' ဟု​တောင်း​ပန်​သော​အ​ခါ၊ မင်း​ကြီး​က``လျှောက်​လော့'' ဟု​ဆို​၏။

Read all of 1 ဓမ္မရာဇဝင်ပထမစောင် 14

Cross References

Genesis 14:22ထို​အ​ခါ​အာ​ဗြံ​က``သင်​၏​ဥစ္စာ​ဟူ​၍​အပ်​ချည် တစ်​မျှင်၊ ခြေ​နင်း​ကြိုး​တစ်​စ​ကို​မျှ​ငါ​မ​ယူ​လို။ သို့​မှ​သာ​လျှင်​အာ​ဗြံ​အား​ကြွယ်​ဝ​ချမ်း​သာ​စေ သော​သူ​ကား ငါ​ပင်​ဖြစ်​၏​ဟု​သင်​မ​ဆို​နိုင်။ ငါ့ အ​တွက်​မည်​သည့်​ပစ္စည်း​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ယူ။ ငါ​၏​လူ​များ​သုံး​စွဲ​ပြီး​သ​မျှ​တို့​ကို သာ ငါ​ယူ​သည်​ဟု​ထင်​မှတ်​ပါ​လော့။ သို့​ရာ​တွင် ငါ​၏​မ​ဟာ​မိတ်​များ​ဖြစ်​ကြ​သော​အာ​နေ​ရ၊ ဧ​ရှ​ကော​လ​နှင့်​မံ​ရေ​တို့​ကို​မူ​ကား​သူ​တို့ ၏​ဝေ​စု​ကို​ခွဲ​ယူ​ကြ​ပါ​စေ။ ကောင်း​ကင်​နှင့် မြေ​ကြီး​ကို​ဖန်​ဆင်း​တော်​မူ​သော အ​မြင့်​ဆုံး သော​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​ကို​တိုင် တည်​၍ ငါ​မြွက်​ဆို​ပါ​သည်'' ဟု​ဖြေ​ကြား လေ​၏။

Genesis 31:50လာ​ဗန်​က​တစ်​ဖန်​ဆက်​၍``သင်​သည်​ငါ​၏ သ​မီး​တို့​ကို​ညှင်း​ဆဲ​လျှင်​ဖြစ်​စေ၊ အ​ခြား သော​မိန်း​မ​များ​ကို​ထိမ်း​မြား​လျှင်​ဖြစ်​စေ ငါ​သည်​ထို​အ​ကြောင်း​ကို​မ​သိ​စေ​ကာ​မူ ဘု​ရား​သ​ခင်​သည်​ငါ​တို့​စပ်​ကြား​သက်​သေ ဖြစ်​တော်​မူ​ကြောင်း​သ​တိ​ရ​လော့။-

Numbers 35:21လက်​သီး​နှင့်​ထိုး​၍​သော်​လည်း​ကောင်း သတ် သော​သူ​သည်​လူ​သတ်​မှု​ကို​ကူး​လွန်​သ​ဖြင့် သေ​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​စေ​ရ​မည်။ သေ​ဆုံး သူ​နှင့်​အ​နီး​ဆုံး​သွေး​တော်​စပ်​သူ​သည် တာ​ဝန်​ရှိ​သ​ဖြင့်​လူ​သတ်​သ​မား​ကို​တွေ့ လျှင်​သတ်​ရ​မည်။

Deuteronomy 19:4လူ​တစ်​ယောက်​သည်​မိ​မိ​၏​ရန်​သူ​မ​ဟုတ်​သူ အား မ​တော်​တ​ဆ​သတ်​မိ​ခဲ့​သည်​ရှိ​သော်​သူ သည် ထို​မြို့​များ​အနက်​တစ်​မြို့​မြို့​သို့​ထွက် ပြေး​လျှင်​အ​သက်​ချမ်း​သာ​ခွင့်​ရ​ရှိ​နိုင်​သည်။-

1 Samuel 14:45သို့​ရာ​တွင်​လူ​တို့​က​ရှော​လု​အား``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​အောင်​ပွဲ​ကို​ခံ​စေ​သော ယော​န​သန်​အား​သေ​ဒဏ်​ပေး​ပါ​မည်​လော။ သူ​၏​ဦး​ခေါင်း​မှ​ဆံ​ခြည်​တစ်​ပင်​မျှ​မြေ​သို့ မ​ကျ​စေ​ရန် အ​ကျွန်ုပ်​တို့​သည်​အ​သက်​ရှင် တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည် ၍​က​တိ​ပြု​ပါ​၏။ ယ​နေ့​သူ​ပြု​သော​အ​မှု သည် ဘု​ရား​သ​ခင်​၏​အ​ကူ​အ​ညီ​ဖြင့်​ပြု သော​အ​မှု​ဖြစ်​ပါ​၏'' ဟု​လျှောက်​ထား​ကြ ၏။ ဤ​သို့​လျှင်​လူ​တို့​သည်​ယော​န​သန်​အား သေ​ဘေး​မှ​ကယ်​လိုက်​ကြ​သ​တည်း။

1 Samuel 28:10ထို​အ​ခါ​ရှော​လု​က``ဤ​အ​မှု​ကို​ပြု​သည့် အ​တွက်​သင်​အ​ပြစ်​ဒဏ်​မ​သင့်​စေ​ရ​ပါ​ဟု အ​သက်​ရှင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား ကို​တိုင်​တည်​၍​ငါ​ကျိန်​ဆို​က​တိ​ပြု​ပါ​၏'' ဟု​ဆို​လျှင်၊

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study 1 ဓမ္မရာဇဝင်ပထမစောင် 14:11

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← 1 ဓမ္မရာဇဝင်ပထမစောင် 14:101 ဓမ္မရာဇဝင်ပထမစောင် 141 ဓမ္မရာဇဝင်ပထမစောင် 14:12 →