bible.software › 1 ဓမ္မရာဇဝင်ပထမစောင် › 1 ဓမ္မရာဇဝင်ပထမစောင် 14 › 1 ဓမ္မရာဇဝင်ပထမစောင် 14:18
1 ဓမ္မရာဇဝင်ပထမစောင် 14:18
မင်းကြီးက``သင့်အားမေးခွန်းတစ်ခုကိုငါ မေးမည်။ သင်သည်မှန်သည့်အတိုင်းပွင့်လင်း စွာဖြေကြားရမည်'' ဟုဆိုသော်၊ အမျိုးသမီးက``အရှင်မင်းကြီးမေးလိုရာ မေးတော်မူပါ'' ဟုလျှောက်၏။
Common Language Bible
In The King James Version
Then the king answered and said unto the woman, Hide not from me, I pray thee, the thing that I shall ask thee. And the woman said, Let my lord the king now speak.
In Context
17အရှင်မင်းကြီးသည်ဘုရားသခင်၏ကောင်း ကင်တမန်ကဲ့သို့ ကောင်းမကောင်းကိုပိုင်းခြား သိမြင်တော်မူပါ၏။ သို့ဖြစ်၍ကျွန်တော်မ သည်အရှင်၏ကတိတော်အတိုင်း အသက် ချမ်းသာရာရလိမ့်မည်ဟုတစ်ကိုယ်တည်း ပြောဆိုနေမိပါ၏။ အရှင်၏ဘုရားသခင် ထာဝရဘုရားသည်အရှင်နှင့်အတူရှိ တော်မူပါစေသော'' ဟုလျှောက်၏။
19မင်းကြီးက``ဤသို့ငါ့အားလျှောက်ထားရန် သင့်အားစေခိုင်းသူမှာယွာဘပေလော'' ဟု မေးတော်မူ၏။ အမျိုးသမီးက``အရှင်မင်းကြီး၊ အရှင်၏မေး ခွန်းကိုဖြေကြားရန်လွှဲဖယ်၍မဖြစ်နိုင်ကြောင်း ကျွန်တော်မကျိန်ဆိုလျှောက်ထားပါ၏။ မည်သို့ ပြုရမည်ကိုလည်းကောင်း၊ မည်သို့လျှောက်ထား ရမည်ကိုလည်းကောင်း သင်ကြားပေးသူမှာ ကိုယ်တော့်ကျွန်ယွာဘပင်ဖြစ်ပါ၏။-
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 14
Cross References
Jeremiah 38:14ဇေဒကိမင်းသည်ငါ့အားဗိမာန်တော်တတိယ မုခ်ဆောင်ခန်းသို့ခေါ်ယူစေပြီးလျှင်``သင့်အား မေးခွန်းတစ်ခုကိုငါမေးမည်။ ငါ၏ထံမှမည် သည့်အရာကိုမျှထိမ်ဝှက်၍မထားနှင့်'' ဟု ဆို၏။
This Verse In Other Editions
Study 1 ဓမ္မရာဇဝင်ပထမစောင် 14:18