1 ဓမ္မရာဇဝင်ပထမစောင် 20:21
ဖျက်ဆီးရန်ငါတို့မှာအကြံအစည်လည်း မရှိပါ။ ဧဖရိမ်တောင်ကုန်းဒေသမှဗိခရိ ၏သားရှေဘဆိုသူသည် ဒါဝိဒ်မင်းအား ပုန်ကန်မှုကိုစတင်ပြုလုပ်ခဲ့ပါ၏။ ထိုသူ တစ်ဦးတည်းကိုငါ့အားပေးအပ်ပါမူငါ သည်ဤမြို့မှထွက်ခွာသွားပါအံ့'' ဟု ပြန်ပြောလေ၏။ အမျိုးသမီးက``ထိုသူ၏ဦးခေါင်းကိုမြို့ရိုး ပေါ်သို့ကျော်၍ပစ်ချလိုက်ပါမည်'' ဟုဆို ပြီးလျှင်၊-
Common Language Bible
In The King James Version
In Context
20ယွာဘက``ထိုသို့မဟုတ်ပါ။ ငါသည်အဘယ် အခါ၌မျှ သင်တို့၏မြို့ကိုဖျက်ဆီးမည် မဟုတ်ပါ။-
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 20
Cross References
Joshua 24:33အာရုန်၏သားဧလာဇာသည်လည်းအနိစ္စ ရောက်သဖြင့် သူ၏အလောင်းကိုသူ၏သား ဖိနဟတ်အားပေးထားသောဧဖရိမ်တောင် ကုန်းဒေသရှိဂစ်ဗီအာမြို့တွင်သင်္ဂြိုဟ်ကြ လေသည်။ ယောရှုမှတ်စာပြီး၏။
Judges 7:24ဂိဒေါင်သည်ဧဖရိမ်တောင်ကုန်းဒေသအရပ် ရပ်သို့စေတမန်များကိုလွှတ်၍``မိဒျန်အမျိုး သားတို့အားတိုက်ခိုက်ရန်ဆင်းခဲ့ကြလော့။ ယော်ဒန်မြစ်ကိုလည်းကောင်း၊ ဗက်ဗာရရွာတိုင် အောင်ရှိသမျှသောချောင်းငယ်တို့ကိုလည်း ကောင်း ထိုသူတို့မကူးမဖြတ်နိုင်စေရန်သိမ်း ယူကြလော့'' ဟုမှာကြားလိုက်၏။ ဧဖရိမ် အနွယ်ဝင်အပေါင်းတို့သည်စုရုံးပြီးလျှင် ယော်ဒန်မြစ်နှင့်ဗက်ဗာရရွာအထိချောင်း ငယ်ရှိသမျှတို့ကိုသိမ်းယူကြ၏။-
Judges 18:4သူကလည်း``ငါသည်မိက္ခာနှင့်အမှုတစ်ခု အတွက် သဘောတူထားပါသည်။ သူသည်ငါ့ အားအခပေး၍မိမိ၏ယဇ်ပုရောဟိတ် အဖြစ်ဖြင့်ငှားရမ်းထားပါသည်'' ဟုပြန် ပြော၏။
1 Samuel 26:9သို့ရာတွင်ဒါဝိဒ်က``သင်သည်မင်းကြီးအား ဘေးအန္တရာယ်မပြုရ။ ထာဝရဘုရားသည် မိမိဘိသိက်ပေးတော်မူသောဘုရင်အား ဘေး အန္တရာယ်ပြုသူမည်သူကိုမဆိုဧကန်မုချ အပြစ်ဒဏ်ခတ်တော်မူလိမ့်မည်။-
2 Samuel 20:1ဂိလဂါလမြို့တွင်ဗိခရိ၏သား၊ ဗင်္ယာမိန် အနွယ်ဝင်၊ ရှေဘဆိုသူလူဆိုးလူသွမ်း တစ်ယောက်ရှိ၏။ သူသည်တံပိုးခရာမှုတ်ပြီး လျှင်``ဒါဝိဒ်ကိုအလိုမရှိ။ ငါတို့သူ့နောက် သို့မလိုက်လို။ ဣသရေလပြည်သူတို့ငါတို့ သည်အိမ်သို့ပြန်ကြကုန်အံ့'' ဟုဟစ်အော် ကြွေးကြော်၏။-
2 Kings 5:22ဂေဟာဇိက``မရှိပါ။ သို့ရာတွင်ကျွန်တော်၏သခင် က ယခုပင်ဧဖရိမ်တောင်ကုန်းဒေသမှပရောဖက် နှစ်ပါးရောက်ရှိလာသဖြင့် သူတို့အတွက်ငွေသား သုံးထောင်နှင့်ဝတ်စုံနှစ်စုံကိုအရှင့်ထံမှတောင်းခံ ရန် ကျွန်တော်အားစေလွှတ်လိုက်ပါသည်'' ဟုဖြေ၏။