1 ဓမ္မရာဇဝင်ပထမစောင် 21:12
ဒါဝိဒ်သည်ဂိလဒ်ပြည်သို့သွား၍ယာဗက်မြို့ သားတို့ထံမှ ရှောလုနှင့်ယောနသန်၏အရိုး တို့ကိုဆောင်ယူတော်မူ၏။ (ယာဗက်မြို့သား တို့သည်ထိုအရိုးတို့ကိုဗက်ရှန်မြို့ရင်ပြင်မှ လျှို့ဝှက်စွာဆောင်ယူခဲ့ကြ၏။ ဖိလိတ္တိအမျိုး သားတို့သည်ဂိလဗောတောင်ပေါ်တွင် ရှောလု ကိုသတ်ပြီးနောက်သူ၏အလောင်းနှင့်ယော နသန်၏အလောင်းကိုဗက်ရှန်မြို့ရင်ပြင် တွင်ဆွဲထားကြသည်။-)
Common Language Bible
In The King James Version
In Context
11ရိဇပ၏အပြုအမူကိုသိရှိတော်မူသော အခါ၊-
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 21
Cross References
1 Samuel 28:4ဖိလိတ္တိအမျိုးသားစစ်သည်များသည်ရှုနင် မြို့အနီးတွင်စုရုံး၍တပ်စခန်းချလျက်နေ ကြ၏။ ရှောလုမူကားဣသရေလအမျိုး သားတို့ကိုစုရုံးပြီးလျှင် ဂိလဗောတောင် ထိပ်တွင်တပ်စခန်းချလျက်နေ၏။-
1 Samuel 31:10ထိုနောက်သူတို့သည်အဆိုပါလက်နက် တန်ဆာများကို အရှတရက်နတ်သမီး ၏ဝတ်ကျောင်းတွင်ထားရှိ၍ရှောလု၏ အလောင်းကိုမူဗက်ရှန်မြို့ရိုးတွင်ဆွဲ ထားကြ၏။
2 Samuel 1:6ထိုသူငယ်က``ကျွန်တော်သည်ဂိလဗောတောင် ပေါ်တွင်ရှိနေခိုက်နှင့်ကြုံသဖြင့် ရှောလုမင်း သည်မိမိ၏လှံကိုမှီလျက်နေသည်ကိုလည်း ကောင်း၊ ရန်သူ၏စစ်ရထားများနှင့်မြင်းစီး သူရဲတို့သည်သူ၏အနီးသို့ချဉ်းကပ် လာကြသည်ကိုလည်းကောင်းမြင်ပါ၏။-
2 Samuel 2:4ထိုအခါယုဒပြည်သားတို့သည်ဟေဗြုန် မြို့သို့လာ၍ ဒါဝိဒ်အားယုဒဘုရင်အဖြစ် ဘိသိက်ပေးကြ၏။ ရှောလု၏အလောင်းကိုဂိလဒ်ပြည်၊ ယာဗက် မြို့သားတို့ကသင်္ဂြိုဟ်ကြကြောင်းဒါဝိဒ်ကြား သိသောအခါ၊-
1 Chronicles 10:1ဖိလိတ္တိအမျိုးသားတို့သည်ဣသရေလ အမျိုးသားတို့နှင့် ဂိလဗောတောင်ပေါ်တွင် တိုက်ပွဲဖြစ်ကြရာ၊ ဣသရေလအမျိုး သားတို့အမြောက်အမြားကျဆုံးကြ လေသည်။ ရှောလုမင်းနှင့်သားတော်များ အပါအဝင်ကျန်ရှိသောသူတို့သည် ထွက်ပြေးကြကုန်၏။-
1 Chronicles 10:12သူရဲကောင်းအပေါင်းတို့သည်သွား၍ ရှောလု မင်းနှင့်သားတို့၏အလောင်းများကိုယာဗက် မြို့သို့ယူဆောင်ခဲ့ကြ၏။ ထိုနောက်အရိုးတို့ကို ဝက်သစ်ချပင်အောက်တွင်သင်္ဂြိုဟ်ကြပြီးလျှင် ခုနစ်ရက်တိုင်တိုင်အစာရှောင်ကြကုန်၏။