1 ဓမ္မရာဇဝင်ပထမစောင် 22:49
ရန်သူများ၏လက်မှငါ့ကိုကယ်တော်မူ၏။ အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည် အကျွန်ုပ်အားရန်သူများကိုအောင်မြင်ခွင့် ပေးတော်မူ၍ အကြမ်းဖက်သူတို့၏ဘေးမှကွယ်ကာ စောင့်ရှောက်တော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 22
Cross References
Numbers 24:7ယင်းတို့အပေါ်တွင်မိုးများစွာရွာသွန်းလိမ့်မည်။ ရေအလုံအလောက်ရရှိသောလယ်များတွင် စိုက်ပျိုးရလိမ့်မည်။ သူတို့၏ဘုရင်သည်အာဂတ်ဘုရင်ထက် တန်ခိုးကြီး၍နေရာအနှံ့သို့ သူ၏အာဏာစက်သက်ရောက်လိမ့်မည်။
1 Samuel 2:8ကိုယ်တော်သည်ဆင်းရဲသူတို့ကို မြေမှုန့်မှလည်းကောင်း၊ ချို့တဲ့နွမ်းပါးသူတို့ကိုအမှိုက်ပုံမှလည်း ကောင်း ချီပင့်တော်မူ၏။ သူတို့အားမင်းညီမင်းသားများနှင့်ပေါင်းဖော် ခွင့်ကို ပေးတော်မူ၍ ဂုဏ်အသရေရှိသည့်နေရာများတွင် ထိုင်စေတော်မူ၏။ ထာဝရဘုရားသည်မြေကြီး၏အခြေခံ အုတ်မြစ်များကိုပိုင်တော်မူ၏။ ထိုအုတ်မြစ်တို့အပေါ်တွင်ကမ္ဘာကို တည်ဆောက်တော်မူပြီ။
2 Samuel 7:8သို့ဖြစ်၍အနန္တတန်ခိုးရှင်ငါထာဝရဘုရား သည်မိမိ၏အစေခံဒါဝိဒ်အား`ငါသည်သင့် ကိုငါ၏လူမျိုးတော်ဣသရေလအမျိုးသား တို့၏ဘုရင်ဖြစ်စိမ့်သောငှာသိုးကျောင်းရာ ကွင်းထဲမှခေါ်ယူခဲ့၏။-
Psalms 18:48ရန်သူများ၏လက်မှငါ့ကိုကယ်တော်မူ၏။ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားရန်သူ များကို အောင်မြင်ရသောအခွင့်ကိုပေးတော်မူ၏။ အကြမ်းဖက်သူတို့၏ဘေးမှကျွန်တော်မျိုးကို ကွယ်ကာတော်မူပါ၏။
Psalms 140:1အို ထာဝရဘုရား၊ ဆိုးညစ်သူတို့လက်မှကျွန်တော်မျိုးအား ကယ်တော်မူပါ။ အကြမ်းဖက်သမားတို့၏ဘေးမှ လုံခြုံစွာထားတော်မူပါ။