တောလည်ရာကျမ်း 24:7
ယင်းတို့အပေါ်တွင်မိုးများစွာရွာသွန်းလိမ့်မည်။ ရေအလုံအလောက်ရရှိသောလယ်များတွင် စိုက်ပျိုးရလိမ့်မည်။ သူတို့၏ဘုရင်သည်အာဂတ်ဘုရင်ထက် တန်ခိုးကြီး၍နေရာအနှံ့သို့ သူ၏အာဏာစက်သက်ရောက်လိမ့်မည်။
Common Language Bible
In The King James Version
In Context
Cross References
1 Samuel 15:32ရှမွေလက``အာဂတ်မင်းကိုငါ့ထံသို့ခေါ်ခဲ့ လော့'' ဟုဆို၏။ အာဂတ်က``သေဘေးသည် အလွန်ဆိုးရွားပါသည်တကား'' ဟုတစ်ကိုယ် တည်းစဉ်းစားကာတုန်လှုပ်လျက်ရှမွေလထံ သို့လာ၏။-
1 Kings 4:21ရှောလမုန်သည်ဥဖရတ်မြစ်မှဖိလိတ္တိပြည် နှင့်အီဂျစ်ပြည်နယ်စပ်တိုင်အောင် ရှိသမျှ သောတိုင်းနိုင်ငံတို့ကိုအစိုးရတော်မူ၏။ ထိုနိုင်ငံတို့သည်မင်းကြီးအားအခွန် ပဏ္ဏာဆက်သကြ၍ မင်းကြီးအသက်ရှင် သမျှကာလပတ်လုံးသူ၏လက်အောက် ခံနိုင်ငံများဖြစ်ကြ၏။
1 Chronicles 14:2သို့ဖြစ်၍ဒါဝိဒ်သည်မိမိအားဣသရေလ ဘုရင်အဖြစ်ဖြင့် ထာဝရဘုရားခန့်ထား တော်မူပြီဖြစ်ကြောင်း၊ မိမိ၏ပြည်သူတို့ အကျိုးငှာဣသရေလနိုင်ငံကို ချမ်းသာ ကြွယ်ဝစေတော်မူပြီဖြစ်ကြောင်းသိရှိ ရ၏။
Esther 3:1ကာလအနည်းငယ်ကြာသော်ဇေရဇ်မင်း သည်အာဂတ် မှဆင်းသက်သူ၊ ဟမ္မေဒါသ၏သားဟာမန် အားဝန်ကြီးချုပ်အဖြစ်ချီးမြှင့်တော်မူ၏။-
Psalms 18:43ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ပုန်ကန်သူတို့၏ဘေးမှကယ်တော်မူ၍ လူမျိုးတကာတို့ကိုအုပ်စိုးစေတော်မူပါ၏။ ကျွန်တော်မျိုးသည်မိမိမသိဘူးသောလူ များကို ယခုအခါ၌အုပ်စိုးခွင့်ရပါ၏။
Psalms 72:11ဘုရင်အပေါင်းတို့သည်မင်းကြီး၏ရှေ့တော်တွင် ပျပ်ဝပ်ကြပါလိမ့်မည်။ လူမျိုးတကာတို့သည်လည်းမင်းကြီး၏ အစေကို ခံကြပါလိမ့်မည်။