1 ဓမ္မရာဇဝင်ပထမစောင် 24:25
သူသည်ထိုအရပ်တွင်ထာဝရဘုရား၏ အတွက် ယဇ်ပလ္လင်ကိုတည်ဆောက်တော်မူပြီး လျှင် မီးရှို့ရာယဇ်နှင့်မိတ်သဟာယယဇ်တို့ ကိုပူဇော်တော်မူ၏။ ထာဝရဘုရားသည် လည်းမင်းကြီး၏ဆုတောင်းပတ္ထနာကိုနား ညောင်းတော်မူ၍ ဣသရေလနိုင်ငံတွင် ကပ်ရောဂါဘေးကိုငြိမ်းအေးစေတော် မူ၏။ ဋ္ဌမ္မရာဇဝင်ဒုတိယစောင်ပြီး၏။
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 24
Cross References
Genesis 12:7ထာဝရဘုရားသည်အာဗြံအားကိုယ်ထင်ပြ ၍``ဤတိုင်းပြည်ကိုသင်၏အဆက်အနွယ်တို့ အားငါပေးမည်'' ဟုမိန့်တော်မူ၏။ ထိုအခါ အာဗြံသည်သူ့အားကိုယ်ထင်ပြသောထာဝရ ဘုရားအတွက်ယဇ်ပလ္လင်ကိုတည်လေ၏။-
Numbers 17:13တဲတော်အနီးသို့ချဉ်းကပ်မိသူတိုင်းသေ ရမည်ဆိုလျှင် အကျွန်ုပ်တို့အားလုံးသေဆုံး ရပါတော့မည်'' ဟုဆိုကြလေသည်။
Judges 21:4နောက်တစ်နေ့နံနက်စောစော၌လူတို့သည် ထ၍ ထိုအရပ်တွင်ယဇ်ပလ္လင်တစ်ခုကိုတည် ဆောက်ကာ မိတ်သဟာယယဇ်နှင့်မီးရှို့ရာ ယဇ်တို့ကိုပူဇော်ကြ၏။-
1 Samuel 7:17ထိုနောက်သူသည်ရာမမြို့နေအိမ်သို့ပြန်၍ တရားသူကြီးအဖြစ်ဖြင့်ဆောင်ရွက်၏။ သူ သည်ရာမမြို့တွင်ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်ဆောက်လေ၏။
2 Samuel 24:14ဒါဝိဒ်က``ငါသည်အလွန်ဆိုးရွားသည့် အခြေအနေနှင့်ကြုံတွေ့ရပါသည်တ ကား။ လူ့လက်ဖြင့်ဒဏ်မခံရပါစေနှင့်။ ထာဝရဘုရားပင်ဒဏ်ပေးတော်မူပါ စေ။ ကိုယ်တော်သည်ကရုဏာထားတော် မူတတ်သောအရှင်ဖြစ်ပါ၏'' ဟုဂဒ် အားဆို၏။-
Lamentations 3:32ကိုယ်တော်သည်ငါတို့အားဝမ်းနည်းကြေကွဲခြင်းကို ပေးသော်လည်း ငါတို့အပေါ်၌ကိုယ်တော်ထားရှိတော်မူသော သနားညှာတာမှုနှင့်မေတ္တာတော်ကား ကြီးမားတော်မူပါပေသည်။