သက်သာလောနိတ်ဩဝါဒစာဒုတိယစောင် 3:13
သို့ရာတွင်ညီအစ်ကိုတို့၊ သင်တို့သည်အဘယ် အခါ၌မျှစိတ်မပျက်အားမလျော့ဘဲ ကောင်းသောအကျင့်ကိုပြုကျင့်ကြလော့။-
Common Language Bible
In The King James Version
But ye, brethren, be not weary in well doing.
In Context
Read all of သက်သာလောနိတ်ဩဝါဒစာဒုတိယစောင် 3
Cross References
Deuteronomy 20:8``စစ်ဗိုလ်များကဆက်လက်၍`သင်တို့တွင် သူရဲဘောနည်း၍ကြောက်ရွံ့သောသူရှိ သလော။ ရှိလျှင်အိမ်သို့ပြန်စေ။ သို့မဟုတ် လျှင်သူ့ကြောင့် အခြားသူတို့စိတ်ဋ္ဌာတ်ကျ ဆင်းလိမ့်မည်ဟုတပ်သားတို့အားပြော ဆိုရမည်။-
Isaiah 40:29ကိုယ်တော်သည်နွမ်းလျမောပန်းသူတို့ကို အားပေးတော်မူပါ၏။
Malachi 1:13သင်တို့က`ဤအမှုများပြုရသည်ကိုငါ တို့ငြီးငွေ့လှပါပြီ' ဟုဆိုကာနှာခေါင်း ရှုတ်၍ငါ့အားမလေးမခန့်ပြုကြ၏။ သင် တို့သည်မိမိတို့ခိုးယူရရှိသည့်ယဇ်ကောင် ကိုသော်လည်းကောင်း၊ ခြေကျိုးသို့မဟုတ် ဖျားနာသည့်ယဇ်ကောင်ကိုသော်လည်းကောင်း ငါ၏အတွက်ပူဇော်သကာအဖြစ်နှင့်ယူ ဆောင်ခဲ့ကြ၏။ ငါသည်ဤပူဇော်သကာ များကိုလက်ခံလိမ့်မည်ဟုသင်တို့ထင် မှတ်ကြပါသလော။-''
Romans 2:7အကျင့်ကောင်းကိုဆက်လက်ပြုကျင့်လျက် ဘုန်းအသရေကိုလည်းကောင်း၊ ဂုဏ်အသရေ ကိုလည်းကောင်း၊ သေခြင်းကင်းသောဘဝကို လည်းကောင်းရှာသောသူတို့အား ဘုရားသခင် သည်ထာဝရအသက်ကိုပေးတော်မူလိမ့်မည်။-
2 Corinthians 4:1ဘုရားသခင်သည်မိမိ၏ကရုဏာတော် နှင့်အညီ ငါတို့အားဤအမှုတော်ဆောင် လုပ်ငန်းကိုပေးအပ်တော်မူသည်ဖြစ်ရာ ငါ တို့တွင်စိတ်ပျက်အားလျော့ခြင်းမရှိ။-
Galatians 6:9သို့ဖြစ်၍ငါတို့သည်အားမလျော့စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကိုကျင့်ကြကုန်အံ့။ ယင်းသို့ အားမလျော့စိတ်မပျက်ကြပါမူ ငါတို့သည် အချိန်တန်သောအခါအသီးအနှံကိုရိတ် သိမ်းရလိမ့်မည်။-