တိမောသေဩဝါဒစာဒုတိယစောင် 3:2
လူတို့သည်တစ်ကိုယ်ကောင်းစိတ်ရှိသူ၊ လောဘ ကြီးသူ၊ ကြွားဝါသူ၊ မိမိကိုယ်ကိုအထင်ကြီး သူ၊ စော်ကားသူ၊ မိဘတို့ကိုတော်လှန်သူ၊ ကျေးဇူး တရားမသိသူ၊ ဘုရားတရားမကြည်ညိုသူ၊-
Common Language Bible
In The King James Version
In Context
1အဆုံးစွန်သောနေ့ရက်တို့သည်ကြပ်တည်း ခဲယဉ်းသောကာလဖြစ်မည်ကိုသိမှတ်လော့။-
Read all of တိမောသေဩဝါဒစာဒုတိယစောင် 3
Cross References
Psalms 10:3သူယုတ်မာသည်မိမိ၏ဆိုးညစ်သော အလိုဆန္ဒများအကြောင်းကိုကြွားဝါတတ်၏။ လောဘကြီးသူသည်ထာဝရဘုရားကို ကျိန်ဆဲပစ်ပယ်တတ်၏။
Psalms 52:1တန်ခိုးကြီးသောအချင်းလူ၊အဘယ်ကြောင့် မိမိ၏ဆိုးညစ်မှုကိုကြွားဝါသနည်း။ ဘုရားသခင်၏သစ္စာတော်သည်အစဉ်အမြဲတည်၏။
Isaiah 10:15သို့ရာတွင်ထာဝရဘုရားက``ပုဆိန်သည် မိမိကိုအသုံးပြုသူထက်ကြီးမြတ်သည် ဟုဆိုနိုင်ပါမည်လော။ လွှသည်လည်းမိမိ ကိုကိုင်၍တိုက်သူထက်အရေးပါအရာ ရောက်သည်ဟုဆိုနိုင်ပါမည်လော။ တင်းပုတ် ကလူကိုကိုင်သည်မဟုတ်၊ လူကတင်းပုတ် ကိုကိုင်သတည်း'' ဟုမိန့်တော်မူ၏။
Daniel 11:36``ဆီးရီးယားဘုရင်သည်မိမိ၏စိတ်ဆန္ဒရှိ သည်အတိုင်းပြုလိမ့်မည်။ မိမိသည်ဘုရား အပေါင်းတို့ထက်ကြီးမြတ်သည်ဟူ၍လည်း ကောင်း၊ အမြင့်မြတ်ဆုံးသောဘုရားသခင်ထက် ပင်ကြီးမြတ်သည်ဟူ၍လည်းကောင်း ကြွားဝါ ပြောဆိုလိမ့်မည်။ သူသည်မိမိအားဘုရားသခင်အပြစ်ဒဏ်ခတ်တော်မူချိန်တိုင်အောင် ဤသို့ကြွားဝါနိုင်လိမ့်မည်။ အဘယ်ကြောင့် ဆိုသော်ဘုရားသခင်သည်မိမိအကြံ အစည်တော်ရှိသည်အတိုင်းပြုတော်မူ မည်ဖြစ်သောကြောင့်တည်း။-
Mark 7:11သို့သော်သင်တို့က `လူတစ်ဦးတစ်ယောက်သည် အဖသို့မဟုတ်အမိအားအကျိုးပြုစေမည့် ပစ္စည်းတစ်စုံတစ်ရာရှိသော်လည်း ယင်းပစ္စည်းကို `ကော်ဘန်' (ဘုရားသခင်အဖို့လှူပြီးပစ္စည်း ဖြစ်သည်) ဟုဆိုလျှင်၊-
Luke 16:14ငွေကိုတပ်မက်သူများဖြစ်သည့်ဖာရိရှဲများ သည်ထိုစကားများကိုကြားလျှင်ကိုယ်တော် ကိုသရော်ကြ၏။-