တမန်တော်ဝတ္ထု 11:17
ဘုရားသခင်သည်သခင်ယေရှုကိုယုံကြည်သူ ငါတို့အားပေးသနားတော်မူသောဆုကျေးဇူး ကို ထိုလူမျိုးခြားတို့အားလည်းပေးတော်မူ ကြောင်းထင်ရှား၏။ သို့ဖြစ်၍ငါသည်အဘယ် သို့သောသူဖြစ်၍ဘုရားသခင်ကိုဆီးတား နိုင်ပါမည်နည်း'' ဟုဆို၏။
Common Language Bible
In The King James Version
In Context
Cross References
Job 33:13ဘုရားသခင်နှင့်အဘယ်ကြောင့် ဆန့်ကျင်ဘက် ပြုသနည်း။ ပြုတော်မူသော အမှုတို့၏အကြောင်းကို ပြတော်မမူ။
Job 40:8သင်သည် ငါတရားစီရင်ချက်ကို ပယ်မည်လော။ သင်သည် ကိုယ်တိုင်ဖြောင့်မတ်ဟန်ရှိစေခြင်းငှါ၊ ငါကိုအပြစ်ရှိသည်ဟု စီရင်မည်လော။
Matthew 20:14သင်၏လုပ်အားခကိုယူ၍သွားပါလေ။ နောက် ဆုံးငှားသည့်ဤအလုပ်သမားအားသင့်ကိုပေး သကဲ့သို့ငါပေးလို၏။-
Acts 10:45လူမျိုးခြားတို့သည်လည်းသန့်ရှင်းသော ဝိညာဉ်တော်ဆုကျေးဇူးကိုခံယူရရှိကြ သည်ဖြစ်၍ ပေတရုနှင့်အတူလိုက်လာကြ သောယုံကြည်သူယုဒအမျိုးသားတို့ သည်လွန်စွာအံ့သြကြ၏။-
Acts 11:15ထိုနောက်ငါသည်စ၍စကားပြောသောအခါ သန့်ရှင်းသောဝိညာဉ်တော်သည်အထက်ကငါ တို့အပေါ်သို့သက်ရောက်တော်မူသည်နည်းတူ ထိုသူတို့အပေါ်သို့လည်းသက်ရောက်တော် မူ၏။-
Romans 9:15ကိုယ်တော်ကမောရှေအား``ငါကျေးဇူးပြုလို သူကိုကျေးဇူးပြုမည်။ သနားလိုသူကို သနားမည်'' ဟုမိန့်တော်မူ၏။-