တမန်တော်ဝတ္ထု 11:18
ထိုစကားကိုကြားသောအခါ ထိုသူတို့သည် ပြစ်တင်ဝေဖန်မှုကိုမပြုကြတော့ဘဲ ``ဘုရား သခင်သည်လူမျိုးခြားတို့အားလည်း နောင်တရ ၍အသက်ရှင်ခွင့်ကိုပေးတော်မူပါသည်တကား'' ဟုဆို၍ဘုရားသခင်၏ဂုဏ်တော်ကိုချီးကူး ကြ၏။
Common Language Bible
In The King James Version
In Context
Cross References
Joshua 22:30ယဇ်ပုရောဟိတ်ဖိနဟတ်နှင့်တကွ ဣသရေလ အနောက်ဘက်အနွယ်ဝင်တို့၏အကြီးအကဲ ဖြစ်ကြသော သားချင်းစုခေါင်းဆောင်ဆယ်ဦး တို့သည်ရုဗင်အနွယ်ဝင်၊ ဂဒ်အနွယ်ဝင်၊ အရှေ့ မနာရှေအနွယ်ဝင်တို့ပြောပြသမျှကို ကြားရသောအခါကျေနပ်ဝမ်းမြောက်ကြ ၏။-
Isaiah 61:3ဇိအုန်မြို့တွင်ပူဆွေးဝမ်းနည်းနေသူတို့အား ပူဆွေးခြင်းအစား ဝမ်းမြောက်ခြင်းကိုလည်းကောင်း၊ ဝမ်းနည်းခြင်းအစားထောမနာသီချင်း ကိုလည်းကောင်း ပေးရန်ကိုယ်တော်သည်ငါ့အားစေလွှတ်တော်မူပြီ။ သူတို့သည်ထာဝရဘုရား၏ဂုဏ်တော်ကို ထင်ရှားစေရန် ကိုယ်တော်တိုင်စိုက်တော်မူသောဖြောင့်မတ်ခြင်း တည်းဟူသော ဝက်သစ်ချပင်များသဖွယ်စိုပြေဖွံ့ဖြိုးကြလိမ့်မည်။
Ezekiel 36:26ငါသည်သင်တို့အားစိတ်သစ်သဘောသစ် ကိုပေးမည်။ သင်တို့အထဲမှကျောက်ခဲနှလုံး ကိုထုတ်ယူကာနာခံတတ်သောနှလုံးကို ပေးမည်။-
Acts 3:19သို့ဖြစ်၍ဘုရားသခင်သည်သင်တို့၏အပြစ် များကိုဖြေလွှတ်တော်မူစေရန် နောင်တရ၍ ပြောင်းလဲကြလော့။ သို့မှသာ၊-
Acts 5:31ဣသရေလအမျိုးသားတို့သည်နောင်တရ ၍ မိမိတို့အပြစ်များမှပြေလွတ်စိမ့်သောငှာ ဘုရားသခင်သည်ထိုသခင်အားမိမိ၏ လက်ယာတော်ဘက်တွင်စံပယ်စေ၍ ဦးစီး ခေါင်းဆောင်အဖြစ်နှင့်ကယ်တင်ရှင်အဖြစ် ချီးမြှင့်တော်မူ၏။-
Acts 13:47ငါတို့အားထာဝရဘုရားက၊ `ကယ်တင်ခြင်းကျေးဇူးကိုကမ္ဘာတစ်ဝန်းလုံး ရရှိစေရန်သင်တို့အား၊ လူမျိုးခြားများအဖို့အလင်းဖြစ်စေအံ့သောငှာ ငါခန့်ထား၏' ဟူ၍မိန့်တော်မူခဲ့ပေသည်'' ဟုဟောပြောကြ၏။