တမန်တော်ဝတ္ထု 13:11
ယခုပင်လျှင်ထာဝရဘုရား၏လက်တော် သည် သင့်ပေါ်သို့ကျရောက်တော်မူသဖြင့် သင် သည်မျက်စိကွယ်လိမ့်မည်။ ကာလအတန် အကြာနေကိုမြင်ရလိမ့်မည်မဟုတ်'' ဟု မြွက်ဆို၏။ ချက်ချင်းပင်မှော်ဆရာသည်မျက်စိမြှေး ယှက်၍ မှောင်အတိကျရောက်လာသကဲ့သို့ ဖြစ်သဖြင့် လက်ဆွဲ၍လမ်းပြခေါ်ဆောင်ပေး မည့်သူကိုရှာရလေ၏။-
Common Language Bible
In The King James Version
In Context
Cross References
Exodus 9:3ငါသည်သင်တို့၏မြင်း၊ မြည်း၊ ကုလားအုပ်၊ သိုး၊ နွား၊ ဆိတ်တို့ကိုရောဂါဆိုးဖြင့်သေကျေ ပျက်စီးစေမည်။-
1 Samuel 5:9သို့ရာတွင်ထိုအရပ်သို့သေတ္တာတော်ရောက်ရှိ ပြီးနောက် ထာဝရဘုရားသည်ထိုမြို့ကိုလည်း ဒဏ်ခတ်တော်မူပြန်သဖြင့် လူတို့သည်ထိတ်လန့် ကြကုန်၏။ ကိုယ်တော်သည်ကြီးငယ်မရွေးမြို့ သူမြို့သားအပေါင်းတို့အားအနာစိမ်းများ ပေါက်စေခြင်းအားဖြင့်ဒဏ်ခတ်တော်မူ၏။-
2 Kings 6:8ရှုရိဘုရင်သည်ဣသရေလပြည်နှင့်စစ်ဖြစ် နေချိန်၌ မိမိ၏တပ်မှူးများနှင့်တိုင်ပင်၍ တပ်စခန်းချရန်နေရာကိုရွေးချယ်၏။-
Psalms 32:4အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားနေ့ရောညပါ အပြစ်ဒဏ်ပေးတော်မူပါ၏။ နွေရာသီအပူရှိန်ကြောင့်အစိုဋ္ဌာတ်သည် ခန်းခြောက်သွားသကဲ့သို့ ကျွန်တော်မျိုး၏အားအင်သည်လည်း လုံးဝခန်းသွားပါ၏။
Psalms 39:10ထပ်မံ၍ကျွန်တော်မျိုးအား အပြစ်ဒဏ်ပေးတော်မမူပါနှင့်။ ကိုယ်တော်ရှင်ပေးတော်မူသည့် ဒဏ်ရာဒဏ်ချက်များကြောင့်ကျွန်တော်မျိုး သည် သေလုပါပြီ။
John 9:39သခင်ယေရှုက ``မျက်မမြင်တို့မျက်စိမြင် ကြစေရန်နှင့် မျက်စိမြင်သူတို့မျက်စိအလင်း ကွယ်ကြစေရန်စီရင်ချမှတ်အံ့သောငှာ ဤ လောကသို့ငါကြွလာခြင်းဖြစ်၏'' ဟုမိန့် တော်မူ၏။