တမန်တော်ဝတ္ထု 13:29
သူတို့သည်ထိုအရှင်နှင့်ပတ်သက်၍ ကျမ်းစာ တော်တွင်ဖော်ပြပါရှိသမျှသောအရာတို့ ကိုပြုကြပြီးနောက် ထိုအရှင်၏တပည့်တို့ သည်အလောင်းတော်ကိုလက်ဝါးကပ်တိုင်မှ ချ၍သင်္ချိုင်းဂူတွင်သင်္ဂြိုဟ်ကြ၏။-
Common Language Bible
In The King James Version
In Context
30သို့ရာတွင်ဘုရားသခင်သည် ထိုအရှင်ကို သေခြင်းမှရှင်ပြန်ထမြောက်စေတော်မူ၏။-
Cross References
Mark 15:45သူသည်တပ်မှူး၏အစီရင်ခံချက်ကိုကြား ရပြီးနောက် ယောသပ်အားအလောင်းတော်ကို ယူခွင့်ပြု၏။-
Luke 23:53အလောင်းတော်ကိုလက်ဝါးကပ်တိုင်မှချပြီး လျှင်ပိတ်ဖြင့်ပတ်၏။ ထိုနောက်ကျောက်ဆောင်ကို ထွင်းထားသည့်တစ်ခါမျှအသုံးမပြုရသေး သောသင်္ချိုင်းဂူသစ်တွင်သင်္ဂြိုဟ်၏။-
John 19:28ထိုအချိန်၌အမှုခပ်သိမ်းပြီးစီးပြီဖြစ် ကြောင်းကိုသခင်ယေရှုသိတော်မူသဖြင့် ကျမ်းစာတော်လာသည်အတိုင်းဖြစ်ပျက် စေရန်ကိုယ်တော်က ``ငါရေငတ်သည်'' ဟု မိန့်တော်မူ၏။
John 19:36ဤသို့ဖြစ်ပျက်ရခြင်းမှာ ``သူ၏အရိုးတစ် ချောင်းမျှမကျိုးစေရ'' ဟုကျမ်းစာတော် တွင်ပါရှိသည့်အတိုင်းပင်တည်း။-
Acts 4:28ယင်းသို့ထိုသူတို့စုဝေးကြခြင်းမှာကိုယ်တော် ရှင်၏တန်ခိုးတော်နှင့် အလိုတော်အရခွဲခန့် ပြဋ္ဌာန်းထားတော်မူသမျှသောအရာတို့ကို ဖြစ်ပျက်လာစေရန်ပင်ဖြစ်၏။-
Acts 13:27ယေရုရှလင်မြို့သားများနှင့်သူတို့၏ခေါင်း ဆောင်များကား ထိုအရှင်သည်ကယ်တင်ရှင် ဖြစ်သည်ကိုမသိမမြင်ကြ။ ဥပုသ်နေ့တိုင်း မိမိတို့ဖတ်ကြသည့်ပရောဖက်ကျမ်းစကား ကိုလည်းနားမလည်ကြ။ သို့သော်ထိုသူတို့ သည်ပရောဖက်များ၏ဟောကြားချက်အတိုင်း ဖြစ်ပျက်စေရန် ထိုအရှင်ကိုသေဒဏ်စီရင် ကြ၏။-