တမန်တော်ဝတ္ထု 13:28
ဤသို့သေဒဏ်စီရင်ထိုက်သောအပြစ်တစ်စုံ တစ်ရာကိုမျှမတွေ့သော်လည်း သေဒဏ်ပေး ရန်ပိလတ်မင်းအားတောင်းဆိုကြ၏။-
Common Language Bible
In The King James Version
And though they found no cause of death in him, yet desired they Pilate that he should be slain.
In Context
Cross References
Matthew 27:22ပိလတ်မင်းက ``သို့ဖြစ်လျှင်ခရစ်တော်ဆိုသူ ကိုငါအဘယ်သို့ပြုရမည်နည်း'' ဟုမေး၏။ ထိုသူအပေါင်းတို့က ``သူ့အားလက်ဝါးကပ် တိုင်တွင်တင်၍သတ်ပါ'' ဟုဆိုကြ၏။
Luke 23:4ထိုနောက်ပိလတ်မင်းက ``ဤသူအားစွဲချက် တင်ရန်အကြောင်းတစ်စုံတစ်ရာမျှငါမတွေ့'' ဟုယဇ်ပုရောဟိတ်ကြီးများနှင့်လူအပေါင်း တို့အားဆို၏။
Luke 23:21သို့ရာတွင်လူတို့သည် ``သူ့ကိုလက်ဝါးကပ်တိုင် မှာတင်၍သတ်ပါ၊ လက်ဝါးကပ်တိုင်မှာတင်၍ သတ်ပါ'' ဟုဟစ်အော်ကြ၏။
John 19:4ပိလတ်မင်းသည်အပြင်သို့တစ်ဖန်ထွက်ပြီး လျှင်ပရိသတ်တို့အား ``ထိုသူကိုသေဒဏ်ပေး နိုင်ရန်အကြောင်းတစ်စုံတစ်ရာမျှငါမတွေ့ ကြောင်း သင်တို့သိရှိကြစေရန်သူ့အားသင် တို့ထံသို့ငါထုတ်ခဲ့မည်'' ဟုဆို၏။-
Acts 3:13အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့၏ဘုရား၊ ငါတို့ ဘိုးဘေးများ၏ဘုရားသည်ဤအမှုအရာ အားဖြင့် မိမိ၏အစေခံယေရှုကိုဘုန်းအသ ရေထွန်းတောက်စေတော်မူပြီ။ သင်တို့သည်ထို အရှင်ကိုရန်သူ့လက်သို့အပ်နှံ၍ ပိလတ်မင်း ၏ရှေ့တော်တွင်ပစ်ပယ်ခဲ့ကြ၏။ ပိလတ်မင်း သည်ထိုအရှင်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေး ရန်ဆုံးဖြတ်သော်လည်း၊-