တမန်တော်ဝတ္ထု 13:45
သို့သော်ယုဒအမျိုးသားတို့သည်လူပရိသတ် ကိုမြင်သောအခါ မနာလိုစိတ်ရှိသဖြင့် ပေါလု ဟောပြောသောစကားများကိုငြင်းခုံကာပုတ် ခတ်ပြောဆိုကြ၏။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 37:11ယောသပ်၏အစ်ကိုတို့ကသူ့အားမုန်းတီး ကြ၏။ သူ၏ဖခင်ကမူထိုအကြောင်းကို မှတ်ကျုံးထားလေ၏။
Ecclesiastes 4:4တဖန် ကြိုးစားအားထုတ်ခြင်းအမှုနှင့်၊ ကောင်း မွန်စွာ ပြီးစီးသောအမှု အလုံးစုံတို့ကို၎င်း၊ ထိုသို့သော အမှုတို့ကြောင့် သူတပါး ငြူစူကြောင်းကို၎င်း ငါဆင်ခြင် ၏။ ထိုအမှုအရာသည် အနတ္တအမှု၊ လေကို ကျက်စား သောအမှုဖြစ်၏။
Matthew 23:13``ကြောင်သူတော်ဖာရိရှဲနှင့်ကျမ်းတတ်ဆရာတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ လူတို့ကောင်းကင် နိုင်ငံတော်သို့ဝင်မည်ပြုသောအခါသင်တို့သည် တံခါးပိတ်လိုက်ကြ၏။ သင်တို့ကိုယ်တိုင်လည်းမဝင်၊ ဝင်ရန်ကြိုးစားသူများကိုလည်းဝင်ခွင့်မပြုကြ။
Luke 15:25``သို့ရာတွင်ထိုအချိန်၌သားကြီးဖြစ်သူသည် လယ်တောတွင်ရောက်ရှိနေ၏။ သူပြန်လာ၍အိမ် အနီးသို့ရောက်သောအခါတီးမှုတ်သံနှင့်က ခုန်သံကိုကြားရ၏။-
Acts 6:9သို့ရာတွင်လူအချို့တို့သည်သူ့ကိုအတိုက် အခံပြုကြ၏။ ထိုသူတို့ကားကုရေနေနှင့် အာလေဇန္ဒြူယမြို့ရှိယုဒအမျိုးသားတို့ ပါဝင်သည့်လွတ်လပ်သူများ ၏တရားဇရပ်အဖွဲ့ဝင်များဖြစ်၏။ ထိုသူတို့နှင့် တကွကိလိကိပြည်နှင့်အာရှပြည်မှ ယုဒအမျိုး သားအချို့တို့သည်သတေဖန်နှင့်စတင်ငြင်းခုံ ကြ၏။-
Acts 18:6ယုဒအမျိုးသားတို့သည်သူ့ကိုအတိုက်အခံ ပြု၍ ပုတ်ခတ်ပြောဆိုသောအခါပေါလုသည် မိမိအဝတ်မှဖုံများကိုခါချ၍ ``သင်တို့ သေကြေပျက်စီးကြလျှင်သင်တို့၏တာဝန် ပင်ဖြစ်၏။ ငါ့မှာတာဝန်မရှိတော့ပြီ။ ယခု မှအစပြု၍ငါသည်လူမျိုးခြားတို့အား တရားဟောတော့အံ့'' ဟုဆို၏။-