တမန်တော်ဝတ္ထု 6:9
သို့ရာတွင်လူအချို့တို့သည်သူ့ကိုအတိုက် အခံပြုကြ၏။ ထိုသူတို့ကားကုရေနေနှင့် အာလေဇန္ဒြူယမြို့ရှိယုဒအမျိုးသားတို့ ပါဝင်သည့်လွတ်လပ်သူများ ၏တရားဇရပ်အဖွဲ့ဝင်များဖြစ်၏။ ထိုသူတို့နှင့် တကွကိလိကိပြည်နှင့်အာရှပြည်မှ ယုဒအမျိုး သားအချို့တို့သည်သတေဖန်နှင့်စတင်ငြင်းခုံ ကြ၏။-
Common Language Bible
In The King James Version
In Context
Cross References
Matthew 10:17သတိနှင့်နေကြလော့။ လူတို့သည်သင်တို့အား တရားခုံရုံးသို့ပို့အပ်ကြလိမ့်မည်။ တရား ဇရပ်များတွင်ရိုက်နှက်ကြလိမ့်မည်။-
Matthew 27:32သူတို့သည်ထွက်လာကြစဉ်ရှိမုန်နာမည်ရှိသူ ကုရေနေပြည်သားတစ်ယောက်ကိုတွေ့သဖြင့် ထိုသူအားအတင်းအကြပ်ခေါ်၍ကိုယ်တော်၏ လက်ဝါးကပ်တိုင်ကိုထမ်းစေကြ၏။-
Luke 21:12သို့ရာတွင်ဤအမှုအရာများမဖြစ်မပျက် မီလူတို့သည်သင်တို့အားဖမ်းဆီးညှဉ်းဆဲကြ လိမ့်မည်။ သင်တို့အားတရားဇရပ်များတွင် တရားစီရင်ရန်အပ်နှံ၍ထောင်များတွင် အကျဉ်းချထားကြလိမ့်မည်။ သင်တို့သည် ငါ၏နာမကြောင့်ရှင်ဘုရင်များ၊ အာဏာပိုင် များ၏ရှေ့မှောက်သို့ရောက်ရကြလိမ့်မည်။-
Acts 11:20သို့ရာတွင်သူတို့အထဲတွင်သခင်ယေရှု ကိုယုံကြည်သူ ကုပရုပြည်သားနှင့်ကုရေ နေပြည်သားအချို့ပါ၏။ သူတို့သည်အန္တိ အုတ်မြို့သို့သွား၍ လူမျိုးခြားတို့အားလည်း သခင်ယေရှု၏အကြောင်းသတင်းကောင်း ကိုဟောပြောကြေညာကြ၏။-
Acts 13:45သို့သော်ယုဒအမျိုးသားတို့သည်လူပရိသတ် ကိုမြင်သောအခါ မနာလိုစိတ်ရှိသဖြင့် ပေါလု ဟောပြောသောစကားများကိုငြင်းခုံကာပုတ် ခတ်ပြောဆိုကြ၏။-
Acts 15:41ပေါလုသည်ထိုအရပ်မှရှုရိပြည်နှင့်ကိလိ ကိပြည်သို့သွားရောက်၍အသင်းတော်ကို ခိုင်ခံ့စေ၏။