တမန်တော်ဝတ္ထု 14:27
အန္တိအုတ်မြို့သို့ရောက်သောအခါ သူတို့သည် အသင်းတော်ဝင်တို့ကိုစုရုံးစေလျက် မိမိ တို့အားဖြင့်ဘုရားသခင်ပြုတော်မူခဲ့သမျှ သောအမှုအရာတို့ကိုလည်းကောင်း၊ လူမျိုး ခြားတို့ယုံကြည်လာစေရန်ကိုယ်တော်လမ်း ဖွင့်ပေးတော်မူကြောင်းကိုလည်းကောင်းပြန် ကြားကြ၏။-
Common Language Bible
In The King James Version
In Context
28ထိုနောက်သူတို့သည်တပည့်တော်တို့နှင့် အတူကြာမြင့်စွာနေထိုင်ကြ၏။
Cross References
Acts 11:18ထိုစကားကိုကြားသောအခါ ထိုသူတို့သည် ပြစ်တင်ဝေဖန်မှုကိုမပြုကြတော့ဘဲ ``ဘုရား သခင်သည်လူမျိုးခြားတို့အားလည်း နောင်တရ ၍အသက်ရှင်ခွင့်ကိုပေးတော်မူပါသည်တကား'' ဟုဆို၍ဘုရားသခင်၏ဂုဏ်တော်ကိုချီးကူး ကြ၏။
Acts 15:12ဗာနဗနှင့်ပေါလုတို့သည်မိမိတို့အား ဖြင့် လူမျိုးခြားတို့တွင်ဘုရားသခင်ပြု တော်မူသော အံ့သြဖွယ်ရာများနှင့်နိမိတ် လက္ခဏာများအကြောင်းကိုပြောကြားနေ စဉ်စုဝေးသောလူအားလုံးပင်ဆိတ်ငြိမ်စွာ နားထောင်လျက်နေကြ၏။-
Romans 15:18လူမျိုးခြားတို့သည်ဘုရားသခင်၏စကား ကိုနာခံလာကြစေရန်ငါ၏အပြောအဆို အပြုအမူများအားဖြင့်လည်းကောင်း၊ ထူး ဆန်းသောနိမိတ်လက္ခဏာများနှင့်အံ့သြဖွယ် အမှုအရာများအားဖြင့်လည်းကောင်း၊ ဘုရား သခင်၏ဝိညာဉ်တော်အားဖြင့်လည်းကောင်း ခရစ်တော်ပြုတော်မူသောအရာများအကြောင်း ကိုသာလျှင်ငါရဲဝံ့စွာဖော်ပြမည်။ သို့ဖြစ်၍ ငါသည်ယေရုရှလင်မြို့မှဣလုရိပြည်အထိ ရောက်ရှိသည့်အရပ်ရပ်၌ ခရစ်တော်အကြောင်း သတင်းကောင်းကိုအကုန်အစင်ကြေညာ ခဲ့ပြီ။-
1 Corinthians 14:23သို့ဖြစ်၍အသင်းတော်ဝင်အပေါင်းတို့သည်စု ဝေးလျက်ထူးဆန်းသောဘာသာစကားအမျိုးမျိုး ဖြင့်ပြောဆိုနေစဉ် သာမန်လူအချို့သို့မဟုတ်မ ယုံကြည်သူအချို့ရောက်ရှိလာခဲ့သော်သင်တို့ အားရူးသွပ်သူများဟုဆိုမည်မဟုတ်လော။-
1 Corinthians 16:9ထိုမြို့တွင်ငါ့ကိုဆန့်ကျင်ဖက်ပြုသူများပင်ရှိ သော်လည်း အမှုတော်ဆောင်ရန်အခွင့်ကောင်း အမှန်ပင်ရှိ၏။