တမန်တော်ဝတ္ထု 16:17
ထိုကျွန်မသည်ပေါလုနှင့်ကျွန်ုပ်တို့နောက် သို့လိုက်လျက် ``ဤသူတို့ကားအမြင့်ဆုံး သောဘုရား၏အစေခံများဖြစ်၍ သင်တို့ အားကယ်တင်ခြင်းတရားကိုဟောပြော သူများတည်း'' ဟုဟစ်အော်လေ၏။-
Common Language Bible
In The King James Version
In Context
Cross References
Psalms 57:2ငါလိုသမျှသောအရာတို့ကိုပေးတော် မူသော၊ အမြင့်မြတ်ဆုံးဖြစ်တော်မူသောဘုရားသခင် အား ငါသည်တောင်းလျှောက်ပါ၏။
Daniel 3:26သို့ဖြစ်၍နေဗုခဒ်နေဇာမင်းသည် ပြင်းစွာ အလျှံထလျက်နေသောမီးဖိုကြီးအဝ သို့ချဉ်းကပ်ပြီးလျှင်``အမြင့်မြတ်ဆုံးသော ဘုရားသခင်၏အစေခံရှာဒရက်၊ မေရှက် နှင့်အဗေဒနေဂေါတို့၊ မီးဖိုထဲမှထွက်လာ ကြလော့'' ဟုမိန့်တော်မူ၏။ ထိုအခါသူတို့ သည်ချက်ချင်းပင်ထွက်လာကြ၏။-
Daniel 4:2ငါ့အားအမြင့်မြတ်ဆုံးသောဘုရားသခင် ပြတော်မူသော အံ့သြဖွယ်ရာများနှင့်နိမိတ် လက္ခဏာများအကြောင်းကိုနားထောင်ကြ လော့။
Daniel 5:21သူသည်လူ့အသိုင်းအဝိုင်းမှနှင်ထုတ်ခြင်း ကိုခံရကာတိရစ္ဆာန်စိတ်ပေါက်၍လာလေ သည်။ မြည်းရိုင်းတို့နှင့်အတူနေထိုင်၍နွား ကဲ့သို့မြက်ကိုစားခဲ့ရပါ၏။ အကွယ် အကာမရှိဘဲဆီးနှင်းတောတွင်စက်တော် ခေါ်ခဲ့ရလေသည်။ နောက်ဆုံး၌အမြင့်မြတ် ဆုံးသောဘုရားသခင်သည်လောကီနိုင်ငံ တို့ကိုအစိုးရတော်မူ၍ မိမိအလိုရှိသူ မည်သူအားမဆိုဤနိုင်ငံများကိုပေး တော်မူနိုင်ကြောင်းကိုမင်းကြီးဝန်ခံတော် မူခဲ့ပါ၏။-
Daniel 6:20ခြင်္သေ့တွင်းသို့ရောက်သောအခါစိုးရိမ်ပူ ပန်သောအသံနှင့်``အသက်ရှင်တော်မူသော ဘုရား၏အစေခံ၊ ဒံယေလ၊ သင်သစ္စာရှိ စွာကိုးကွယ်သောဘုရားသခင်သည်သင့် အားခြင်္သေ့များ၏ဘေးမှကယ်တော်မူ နိုင်ပါ၏လော'' ဟုမေးတော်မူ၏။
Micah 6:6ကောင်းကင်ဘုံရှင်ဘုရားသခင်ထာဝရ ဘုရားထံတော်သို့ဝတ်ပြုကိုးကွယ်ရန်လာ သောအခါ ငါသည်မည်သည့်ပူဇော်သကာကို ယူဆောင်ခဲ့ရပါမည်နည်း၊ ဆူဖြိုးသောနွား ကလေးကိုမီးရှို့ပူဇော်ရန်ယူဆောင်ခဲ့ရ ပါမည်လော၊-