Psalms 57:2
ငါလိုသမျှသောအရာတို့ကိုပေးတော် မူသော၊ အမြင့်မြတ်ဆုံးဖြစ်တော်မူသောဘုရားသခင် အား ငါသည်တောင်းလျှောက်ပါ၏။
Common Language Bible
In The King James Version
I will cry unto God most high; unto God that performeth all things for me.
In Context
Cross References
Psalms 41:5ရန်သူများသည်ငါ၏အကြောင်းမကောင်း ပြောကြ၏။ သူတို့က``ဤသူသည်အဘယ်အခါ၌သေ၍ သူ၏နာမည်ကိုလူတို့မေ့ပျောက်သွားမည်နည်း'' ဟုမနာလိုစိတ်ဖြင့်ဆိုကြ၏။
Psalms 136:2ဘုရားရှိသမျှတို့ထက်ကြီးမြတ်တော်မူသော အရှင်၏ကျေးဇူးကိုချီးမွမ်းကြလော့။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
Psalms 143:9အို ထာဝရဘုရား၊ ကိုယ်တော်ကိုခိုလှုံရန်ကျွန်တော်မျိုးသည် အထံတော်သို့ချဉ်းကပ်ပါ၏။ ကျွန်တော်မျိုးအားရန်သူများ၏လက်မှ ကယ်တော်မူပါ။
Isaiah 26:20ငါ၏အမျိုးသားတို့၊ သင်တို့သည်မိမိတို့အိမ် တွင်းသို့ဝင်၍တံခါးများကိုပိတ်ထားကြ လော့။ ဘုရားသခင်၏အမျက်တော်ပြေသည် တိုင်အောင်ကာလအနည်းငယ်ပုန်းအောင်းနေ ကြလော့။-
Philippians 1:6သို့ဖြစ်၍သင်တို့တွင်ဤကောင်းမြတ်သည့်အမှု ကိုစတင်ပြုတော်မူသောဘုရားသခင်သည် ခရစ်တော်ယေရှု၏နေ့ရက်မတိုင်မီထိုအမှု ကိုပြီးစီးသည့်တိုင်အောင်ပြုတော်မူလိမ့်မည် ဟုငါယုံကြည်စိတ်ချ၏။-