တမန်တော်ဝတ္ထု 18:25
သခင်ဘုရား၏လမ်းစဉ်တော်အကြောင်းကို စုံလင်စွာလေ့လာသင်ယူထားသူလည်းဖြစ် ၏။ သူသည်သခင်ယေရှုနှင့်သက်ဆိုင်သော တိကျမှန်ကန်သည့်အကြောင်းပြချက်များ ကို စိတ်အားထက်သန်စွာဟောပြောသွန်သင်၏။ သို့သော်သူသည်ယောဟန်၏ဗတ္တိဇံကိုသာ သိ၏။-
Common Language Bible
In The King James Version
In Context
Cross References
Judges 2:22ဤဣသရေလအမျိုးသားတို့သည် ငါ၏ လမ်းစဉ်ကိုသူတို့ဘိုးဘေးများလိုက်လျှောက် ခဲ့ကြသကဲ့သို့ လိုက်လျှောက်မည်မလိုက်လျှောက် မည်ကိုသိရှိစေရန် ငါသည်ဤပြည်ရှိလူမျိုး တို့ကိုအသုံးပြုမည်'' ဟုမိန့်တော်မူ၏။-
Psalms 25:8ထာဝရဘုရားသည်ကောင်းမြတ် ဖြောင့်မှန်တော်မူသဖြင့် အပြစ်ကူးသူတို့အားလျှောက်လိုက်သင့်သည် လမ်းကိုပြညွှန်တော်မူ၏။
Isaiah 40:3အသံတစ်ခုက``တောကန္တာရ၌ထာဝရဘုရား ကြွတော်မူရန်ခရီးလမ်းကိုအသင့်ပြင်ကြလော့၊ ငါတို့ဘုရားသခင်ကြွတော်မူရန် လမ်းကိုရှင်းလင်းကြလော့။
Hosea 14:9ပညာဉာဏ်ရှိသူ၊ ခွဲခြားဝေဖန်နိုင်သူတို့သည် ဤကျမ်းတွင်ရေးထားသမျှတို့ကိုသဘော ပေါက်နားလည်၍မှတ်သားနိုင်ကြစေ။ ထာဝရ ဘုရားချမှတ်သောနည်းလမ်းတို့သည်မှန်ကန် သဖြင့် ဖြောင့်မတ်သူတို့သည်ထိုနည်းလမ်းများ အတိုင်းလိုက်နာ၍ အသက်ရှင်နေထိုင်ကြ၏။ သို့သော်အပြစ်ကူးသူတို့မူကား ထိုနည်း လမ်းများကိုမလိုက်နာကြသဖြင့်ခြေ ချော်၍လဲကျကြသတည်း။ ပရောဖက်ဟောရှေစီရင်ရေးသားထား သောအနာဂတ္တိကျမ်းပြီး၏။
Mark 1:3တောကန္တာရ၌အသံတစ်ခုသည် ``ကိုယ်တော်ရှင်ကြွတော်မူရာလမ်းကို အသင့်ပြင်ဆင်ကြလော့။ ထိုအရှင်၏လမ်းကိုဖြောင့်တန်းအောင်ပြုကြလော့'' ဟု ကြွေးကြော်လျက်နေ၏။ ဟူ၍ဖော်ပြပါရှိသည်။
Luke 3:1ဧကရာဇ်မင်းတိဗေရိနန်းစံတစ်ဆယ့်ငါးနှစ် မြောက်သောအခါ ယုဒပြည်တွင်ပုန္တိပိလတ်သည် ဘုရင်ခံဖြစ်၏။ ဂါလိလဲပြည်တွင်ဟေရုဒ်၊ ဣတုရဲ ပြည်နှင့်တရာခေါနိတ်ပြည်တွင်ဟေရုဒ်၏ညီ ဖိလိပ္ပု၊ အဘိလင်ပြည်တွင်လုသာနိတို့သည် အသီးသီးဘုရင်ခံဖြစ်ကြ၏။-