တမန်တော်ဝတ္ထု 19:2
``သင်တို့သည်ယုံကြည်သူများဖြစ်လာကြ သောအခါ သန့်ရှင်းသောဝိညာဉ်တော်ကိုခံ ယူရကြပါ၏လော'' ဟုမေး၏။ ထိုသူတို့က ``သန့်ရှင်းသောဝိညာဉ်တော်ရှိ တော်မူကြောင်းကိုပင် ကျွန်ုပ်တို့မကြားဘူး ပါ'' ဟုဆိုကြ၏။
Common Language Bible
In The King James Version
In Context
Cross References
Acts 2:17`အဆုံးစွန်သောနေ့များ၌ငါသည်လူမျိုး အပေါင်းတို့ အပေါ်သို့ငါ၏ဝိညာဉ်တော်ကိုသွန်းလောင်း မည်။ သင်တို့၏သားသမီးများသည်ငါ၏နှုတ်ကပတ် တရားတော်ကိုဟောပြောကြလိမ့်မည်။ လူပျိုလူရွယ်တို့သည်ဗျာဒိတ်ရူပါရုံများကို မြင်ကြလိမ့်မည်။ လူအိုတို့သည်အိပ်မက်များမြင်မက်ကြလိမ့်မည်။
Acts 8:15တမန်တော်နှစ်ပါးတို့သည်ရောက်လာ၍ သန့် ရှင်းသောဝိညာဉ်ကိုထိုသူတို့ခံယူကြစေ ရန်ဆုတောင်းကြ၏။-
Acts 11:15ထိုနောက်ငါသည်စ၍စကားပြောသောအခါ သန့်ရှင်းသောဝိညာဉ်တော်သည်အထက်ကငါ တို့အပေါ်သို့သက်ရောက်တော်မူသည်နည်းတူ ထိုသူတို့အပေါ်သို့လည်းသက်ရောက်တော် မူ၏။-
Romans 1:11သင်တို့သည်တည်ကြည်ကြံ့ခိုင်စေရန်သင် တို့အားဝိညာဉ်ဆုကျေးဇူးကိုဝေမျှလို သဖြင့် ငါသည်သင်တို့နှင့်အလွန်တွေ့လို ၏။-
1 Corinthians 12:1ညီအစ်ကိုတို့၊ သင်တို့ရေးသားမေးမြန်း သည့်ဝိညာဉ်တော်၏ဆုကျေးဇူးများနှင့် ပတ်သက်၍ သင်တို့အားသိစေလိုသော အချက်များရှိ၏။-