တမန်တော်ဝတ္ထု 2:47
သူတို့သည်ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းလျက် လူအပေါင်းတို့၏ရှေ့တွင်မျက်နှာ ပွင့်လန်းလျက်ရှိကြ၏။ သခင်ဘုရားသည်ကယ် တင်ခြင်းခံရသူအရေအတွက်ကို နေ့စဉ်နေ့ တိုင်းတိုးပွားစေတော်မူ၏။
Common Language Bible
In The King James Version
In Context
Cross References
Luke 2:52သူငယ်တော်ယေရှုသည်ကာယညာဏကြီး ပွားတိုးတက်လျက်ဘုရားသခင့်ရှေ့၊ လူတို့ ရှေ့တွင်မျက်နှာပွင့်လန်းတော်မူ၏။
Acts 2:39ထိုဆုကျေးဇူးကိုပေးမည်ဟူသောဘုရား သခင်၏ကတိတော်သည် သင်တို့အတွက်လည်း ကောင်း၊ သင်တို့၏သားသမီးများအတွက်လည်း ကောင်း၊ ရပ်ဝေးရှိသူတို့အတွက်လည်းကောင်း ဖြစ်၏။ တစ်နည်းအားဖြင့်ငါတို့၏ဘုရားသခင် ထာဝရဘုရား ခေါ်ယူတော်မူသောသူအပေါင်း တို့အတွက် ဖြစ်၏'' ဟုဖြေဆိုလေ၏။
Acts 4:21ထိုအခါတရားလွှတ်တော်အဖွဲ့ဝင်တို့သည် သူတို့ကိုထပ်မံကျပ်တည်းစွာသတိပေးပြီး နောက်ထွက်ခွာသွားစေကြ၏။ လူအပေါင်း တို့သည်ဖြစ်ပျက်ခဲ့သည့်အမှုအရာကြောင့် ဘုရားသခင်၏ဘုန်းအသရေတော်ကို ချီးကူးလျက်နေကြသဖြင့် တရားလွှတ် တော်အဖွဲ့ဝင်တို့သည်တမန်တော်တို့ကို မည်သို့မျှအပြစ်ဒဏ်မစီရင်နိုင်ကြ။-
Acts 5:13လူတို့သည်ထိုသူတို့အားချီးကူးပြောဆို ကြသော်လည်း မည်သူတစ်စုံတစ်ယောက်မျှ သူတို့နှင့်မပေါင်းမသင်းဝံ့ကြ။-
Acts 13:48လူမျိုးခြားတို့သည်ထိုစကားကိုကြားသော အခါ ရွှင်လန်းဝမ်းမြောက်ကာသခင်ဘုရား၏ နှုတ်ကပတ်တရားတော်ကိုချီးမွမ်းပြောဆို ကြ၏။ ထာဝရအသက်ရရှိရန်ရွေးကောက် ခြင်းခံရသူတို့သည်ယုံကြည်သူများဖြစ် လာကြ၏။-
Romans 8:30သို့ဖြစ်၍ကိုယ်တော်သည်မိမိသီးသန့်ထားသူ တို့ကိုခေါ်ယူတော်မူ၏။ ယင်းသို့ခေါ်ယူတော် မူသောသူတို့အား မိမိနှင့်မှန်ကန်စွာဆက်ဆံ စေတော်မူပြီးလျှင်မိမိ၏ဘုန်းအသရေ တော်ကိုခံစားခွင့်ပေးတော်မူ၏။