တမန်တော်ဝတ္ထု 4:21
ထိုအခါတရားလွှတ်တော်အဖွဲ့ဝင်တို့သည် သူတို့ကိုထပ်မံကျပ်တည်းစွာသတိပေးပြီး နောက်ထွက်ခွာသွားစေကြ၏။ လူအပေါင်း တို့သည်ဖြစ်ပျက်ခဲ့သည့်အမှုအရာကြောင့် ဘုရားသခင်၏ဘုန်းအသရေတော်ကို ချီးကူးလျက်နေကြသဖြင့် တရားလွှတ် တော်အဖွဲ့ဝင်တို့သည်တမန်တော်တို့ကို မည်သို့မျှအပြစ်ဒဏ်မစီရင်နိုင်ကြ။-
Common Language Bible
In The King James Version
In Context
22အံ့သြဖွယ်ကောင်းအောင်ရောဂါပျောက်ကင်း သွားသူကား အသက်လေးဆယ်ကျော်ရှိ သတည်း။
Cross References
Matthew 9:33နတ်မိစ္ဆာကိုနှင်ထုတ်လိုက်သည်နှင့်တစ်ပြိုင်နက် ဆွံ့အသူသည်စကားပြောလေ၏။ လူပရိသတ် တို့သည်လွန်စွာအံ့သြကြလျက် ``ဤသို့သော အခြင်းအရာမျိုးကိုဣသရေလနိုင်ငံတွင် မမြင်စဖူး'' ဟုပြောဆိုကြ၏။
Matthew 21:46ထိုကြောင့်သူတို့သည်ကိုယ်တော်ကိုဖမ်းဆီးရန် နည်းလမ်းရှာကြ၏။ သို့ရာတွင်သူတို့သည် ကိုယ်တော်အားပရောဖက်ဟုမှတ်ယူယုံကြည် နေသူလူပရိသတ်တို့ကိုကြောက်ကြ၏။
Luke 5:26လူအပေါင်းတို့သည်လွန်စွာအံ့သြကြောက်ရွံ့ လျက် ``အံ့ဖွယ်သောအရာများကိုငါတို့ ယနေ့တွေ့မြင်ရလေပြီ'' ဟုပြောဆို၍ဘုရား သခင်၏ဂုဏ်တော်ကိုချီးကူးကြ၏။
Luke 19:47ကိုယ်တော်သည်နေ့စဉ်နေ့တိုင်းဗိမာန်တော်၌ ဟောပြောသွန်သင်တော်မူ၏။ ယဇ်ပုရောဟိတ် ကြီးများကျမ်းတတ်ဆရာများနှင့်ယုဒ အမျိုးသားခေါင်းဆောင်များသည် ကိုယ်တော် ကိုသတ်ရန်အခွင့်ရှာလျက်နေကြ၏။-
Luke 20:19ကျမ်းတတ်ဆရာနှင့်ယဇ်ပုရောဟိတ်ကြီးများ သည် မိမိတို့ကိုရည်စူး၍ဤပုံဥပမာကို မိန့်တော်မူကြောင်းသိကြသဖြင့် ချက်ချင်း ပင်ကိုယ်တော်ကိုဖမ်းဆီးရန်ကြံစည်ကြ၏။ သို့ရာတွင်လူတို့ကိုကြောက်ကြ၏။-