တမန်တော်ဝတ္ထု 20:21
နောင်တရ၍ဘုရားသခင်ထံတော်သို့ချဉ်း ကပ်ကြစေရန်နှင့် ငါတို့၏သခင်ယေရှုကို ယုံကြည်ကြစေရန် ငါသည်ယုဒအမျိုးသား များအားလည်းကောင်း၊ ဂရိအမျိုးသားအား လည်းကောင်းလေးနက်စွာသတိပေးခဲ့၏။-
Common Language Bible
In The King James Version
In Context
Cross References
Ezekiel 18:30``အချင်းဣသရေလအမျိုးသားတို့၊ ငါ အရှင်ထာဝရဘုရားသည် ယခုသင်တို့ တစ်ဦးစီအားသင်တို့အသီးသီးပြုခဲ့ ကြသည့်အမှုကိုလိုက်၍ တရားစီရင်တော် မူမည်ဖြစ်ကြောင်းပြောကြား၏။ သင်တို့သည် ပြုကျင့်လျက်နေသောဆိုးညစ်မှုအပေါင်း မှကြဉ်ရှောင်ကြလော့။ အပြစ်ဒုစရိုက်က သင်တို့အားမပျက်စီးစေနှင့်။-
Matthew 4:17ထိုအခါမှစ၍သခင်ယေရှုသည် ``နောင်တရ ကြလော့။ ကောင်းကင်နိုင်ငံတော်တည်လုနီးပြီ'' ဟုဟောကြားတော်မူ၏။
Luke 13:3သို့ရာတွင်သင်တို့သည်လည်းနောင်တမရ ကြလျှင် ထိုသူတို့နည်းတူသေကျေပျက်စီး ရလိမ့်မည်။-
Luke 15:7ထိုနည်းတူစွာနောင်တရရန်မလိုသောဂုဏ် အသရေရှိသူကိုးဆယ့်ကိုးယောက်အတွက် ထက် အပြစ်ကူးသူတစ်ယောက်နောင်တရသည့် အတွက်ကောင်းကင်ဘုံတွင်ပို၍ရွှင်လန်းဝမ်း မြောက်ခြင်းရှိလိမ့်မည်ဟုငါဆိုသည်။
Luke 24:47နာမတော်ကိုအမှီပြု၍အပြစ်လွှတ်ခြင်းတရား နှင့်နောင်တတရားကိုလည်း ယေရုရှလင်မြို့မှ အစပြု၍လူမျိုးတကာတို့အားဟောပြော ရမည်။-