တမန်တော်ဝတ္ထု 20:22
ယခုမှာငါသည်ဝိညာဉ်တော်၏အမိန့်ကို နာခံ၍ ယေရုရှလင်မြို့သို့သွားရမည်။ ထို မြို့တွင်အဘယ်သို့ဖြစ်မည်ကိုငါမသိ။-
Common Language Bible
In The King James Version
In Context
Cross References
Luke 12:50ငါခံယူရမည့်ဗတ္တိဇံတစ်ပါးရှိ၏။ ထိုအမှု ကိုဆောင်ရွက်၍မပြီးမချင်း ငါသည်စိတ် ဒုက္ခရောက်လှ၏။-
John 13:1အခါကားပသခါပွဲတော်မတိုင်မီတစ်ရက် ဖြစ်၏။ သခင်ယေရှုသည်ဤလောကမှထွက် ခွာ၍ ခမည်းတော်ထံသို့ကြွတော်မူရမည့် အချိန်ကျရောက်လာကြောင်းကိုသိတော်မူ ၏။ ကိုယ်တော်သည်ဤလောကရှိမိမိ၏တပည့် သားရင်းများကိုအစဉ်ပင်ချစ်တော်မူ၏။ သူတို့အားဆုံးခန်းတိုင်အောင်ချစ်တော် မူပေသည်။
Acts 17:16ပေါလုသည်အာသင်မြို့တွင် သိလနှင့်တိမောသေ တို့ကိုစောင့်ဆိုင်းလျက်နေစဉ် ထိုမြို့တွင်ရုပ်တု များနှင့်ပြည့်နှက်လျက်ရှိသည်ကိုမြင်သဖြင့် စိတ်မချမ်းမသာဖြစ်၏။-
Acts 20:16ပေါလုသည်အာရှနယ်တွင်အချိန်မကုန်စေ လိုသဖြင့် ဧဖက်မြို့အနီးမှဖြတ်၍သင်္ဘော လွှင့်ရန်စိတ်ပိုင်းဖြတ်ထား၏။ ဖြစ်နိုင်ပါက ပင်တေကုတ္တေပွဲတော်အမီယေရုရှလင်မြို့ သို့ရောက်ရှိရန် သူသည်အလျင်အမြန်ခရီး ပြုလျက်နေ၏။
2 Corinthians 5:14တစ်ယောက်သောသူသည်လူအပေါင်းတို့ အတွက်အသေခံသဖြင့် လူအပေါင်းတို့ သည်ထိုသူနှင့်အတူအသေခံကြကြောင်း ကိုငါတို့ယခုသိကြပြီဖြစ်၍ ငါတို့ကို ခရစ်တော်၏မေတ္တာတော်သည်အုပ်စိုးလေ ပြီ။-
2 Peter 1:14အဘယ်ကြောင့်ဆိုသော်ငါသည်မကြာမီပင် ဤပျက်စီးတတ်သည့်ကိုယ်ခန္ဓာကိုစွန့်ပစ်ရလိမ့် မည်ဖြစ်ကြောင်းသိသောကြောင့်ဖြစ်ပေသည်။ ငါ တို့အရှင်သခင်ယေရှုခရစ်ကလည်းယင်းသို့ ဖြစ်မည်ဟုငါ့အားအတိအလင်းမိန့်ကြား ထား၏။-