တမန်တော်ဝတ္ထု 21:1
ကျွန်ုပ်တို့သည်ထိုသူတို့ထံမှခွဲခွာပြီးလျှင် တည့်တည့်သင်္ဘောလွှင့်၍ကောသကျွန်းသို့ရောက် ကြ၏။ နောက်တစ်နေ့၌ရောဒုကျွန်းသို့လည်း ကောင်း၊ ထိုကျွန်းမှတစ်ဖန်ပါတရမြို့သို့ လည်းကောင်းရောက်ကြ၏။-
Common Language Bible
In The King James Version
In Context
Cross References
Luke 5:4ထိုသို့ဟောပြောသွန်သင်ပြီးသောအခါ ``ရေ နက်ရာသို့ခွာထွက်လော့။ ငါးများဖမ်းမိစေ ရန်သင်နှင့်သင်တို့အဖော်တို့၏ကွန်များ ကိုချလော့'' ဟုရှိမုန်အားမိန့်တော်မူ၏။
Acts 16:10ဤသို့ဗျာဒိတ်ရူပါရုံကိုပေါလုမြင်ပြီးနောက် ချက်ချင်းပင်ကျွန်ုပ်တို့သည်မာကေဒေါနိပြည် သို့သွားရန်ပြင်ဆင်ကြ၏။ အဘယ်ကြောင့်ဆို သော်မာကေဒေါနိပြည်သားတို့အားသတင်း ကောင်းကိုဟောပြောရန် ကျွန်ုပ်တို့အားဘုရား သခင်စေခိုင်းတော်မူသည်ဟုဆုံးဖြတ်ချက် ချကြခြင်းကြောင့်ဖြစ်၏။
Acts 27:2ကျွန်ုပ်တို့သည်အာရှနယ်ကမ်းခြေတစ်လျှောက် ရှိသော သင်္ဘောဆိပ်မြို့များသို့သွားမည့်ဆဲဆဲ ဖြစ်သောသင်္ဘောတစ်စင်းပေါ်သို့တက်၍ရွက် လွှင့်ကြ၏။ ထိုသင်္ဘောသည်အာဒြမုတ္တိမြို့မှ လာသောသင်္ဘောဖြစ်၏။ မာကေဒေါနိပြည် သက်သာလောနိတ်မြို့သားအာရိတ္တခုသည် လည်းကျွန်ုပ်တို့နှင့်အတူပါလာ၏။-
1 Thessalonians 2:17ညီအစ်ကိုတို့၊ ငါတို့သည်သင်တို့ထံမှခေတ္တ ခဏမျှသာခွဲခွာ၍နေခဲ့ရကြ၏။ ယင်းသို့ ငါတို့သည်ကိုယ်ခန္ဓာအားဖြင့်သင်တို့နှင့်ခွဲခွာ ၍နေရသော်လည်း သင်တို့ကိုအဘယ်အခါ၌ မျှမမေ့။ ငါတို့သည်သင်တို့ကိုအလွန်အောက် မေ့သတိရကြသဖြင့် သင်တို့ကိုတစ်ဖန် ပြန်၍တွေ့နိုင်ရန်အထူးကြိုးစားခဲ့ကြ၏။-