တမန်တော်ဝတ္ထု 27:2
ကျွန်ုပ်တို့သည်အာရှနယ်ကမ်းခြေတစ်လျှောက် ရှိသော သင်္ဘောဆိပ်မြို့များသို့သွားမည့်ဆဲဆဲ ဖြစ်သောသင်္ဘောတစ်စင်းပေါ်သို့တက်၍ရွက် လွှင့်ကြ၏။ ထိုသင်္ဘောသည်အာဒြမုတ္တိမြို့မှ လာသောသင်္ဘောဖြစ်၏။ မာကေဒေါနိပြည် သက်သာလောနိတ်မြို့သားအာရိတ္တခုသည် လည်းကျွန်ုပ်တို့နှင့်အတူပါလာ၏။-
Common Language Bible
In The King James Version
In Context
Cross References
Acts 2:9ငါတို့သည်ပါသိပြည်၊ မေဒိပြည်၊ ဧလံ ပြည်၊ မေသောပေါတာမိပြည်၊ ယုဒပြည်၊ ကပ္ပဒေါကိပြည်၊ ပုန္တုပြည်၊ အာရှိပြည်၊-
Acts 16:17ထိုကျွန်မသည်ပေါလုနှင့်ကျွန်ုပ်တို့နောက် သို့လိုက်လျက် ``ဤသူတို့ကားအမြင့်ဆုံး သောဘုရား၏အစေခံများဖြစ်၍ သင်တို့ အားကယ်တင်ခြင်းတရားကိုဟောပြော သူများတည်း'' ဟုဟစ်အော်လေ၏။-
Acts 19:19မှော်အတတ်ကိုအသုံးပြုခဲ့သူအများပင် မိမိတို့၏ကျမ်းစောင်များကိုစုသိမ်းယူဆောင် လာ၍ လူပုံအလယ်တွင်မီးရှို့ကြ၏။ ထိုစာအုပ် များ၏တန်ဖိုးကိုတွက်ချက်ကြည့်သောအခါ ငွေအသပြာငါးသောင်းမျှရှိကြောင်းတွေ့ ရှိကြ၏။-
Acts 20:4ဗေရိမြို့သားပုရု၏သားဖြစ်သူသောပတရု၊ သက်သာလောနိတ်မြို့သားများဖြစ်ကြသော အာရိတ္တာခုနှင့်သေကန္ဒု၊ ဒေရဗေမြို့သားဖြစ် သူဂါယု၊ အာရှနယ်သားများဖြစ်ကြသော တုခိတ်နှင့်တရောဖိမ်တို့သည်လည်းကောင်း၊ တိမောသေသည်လည်းကောင်းသူနှင့်အတူ လိုက်သွားကြ၏။-
Acts 21:1ကျွန်ုပ်တို့သည်ထိုသူတို့ထံမှခွဲခွာပြီးလျှင် တည့်တည့်သင်္ဘောလွှင့်၍ကောသကျွန်းသို့ရောက် ကြ၏။ နောက်တစ်နေ့၌ရောဒုကျွန်းသို့လည်း ကောင်း၊ ထိုကျွန်းမှတစ်ဖန်ပါတရမြို့သို့ လည်းကောင်းရောက်ကြ၏။-
Acts 28:2ကျွန်းသူကျွန်းသားတို့သည်ကျွန်ုပ်တို့အပေါ်တွင် အထူးကြင်နာမှုကိုပြကြ၏။ မိုးရွာသဖြင့် ချမ်းအေးလာသောကြောင့် ထိုသူတို့သည်မီးဖို ပြီးလျှင်ကျွန်ုပ်တို့အားဧည့်ခံကြ၏။