တမန်တော်ဝတ္ထု 21:34
လူပရိသတ်တို့ကသူတစ်မျိုးငါတစ်ဖုံဟစ် အော်ပြောဆိုကြ၏။ ထိုဆူညံသံများကြောင့် တပ်မှူးသည်အဖြစ်မှန်ကိုမသိနိုင်ရကား ပေါလုကိုတပ်စခန်းရဲတိုက်ထဲသို့ခေါ် ဆောင်သွားရန်အမိန့်ပေးလေ၏။-
Common Language Bible
In The King James Version
In Context
Cross References
Acts 19:32ဤအတောအတွင်း၌လူတို့သည် အမျိုးမျိုး ဟစ်အော်ကြလျက်အုတ်အုတ်သဲသဲဖြစ်၍ နေ၏။-
Acts 22:24ထိုအခါရောမတပ်မှူးသည်ပေါလုကိုတပ် စခန်းရဲတိုက်ထဲသို့ခေါ်ဆောင်သွားရန်နှင့် အဘယ်ကြောင့်ဤသို့လူတို့ဆူပူဟစ်အော်ရ ကြောင်းကိုပေါလုအားရိုက်၍စစ်ဆေးရန် အမိန့်ပေး၏။-
Acts 23:10ငြင်းခုံမှုသည်အလွန်ပြင်းထန်၍လာသဖြင့် ပေါလုကိုအပိုင်းပိုင်းဆုတ်ဖြတ်မည်ကိုတပ်မှူး သည်စိုးရိမ်သဖြင့် စစ်သားများအားဆင်းသွား ၍ပေါလုအားထိုသူတို့ထံမှထိန်းသိမ်းပြီး လျှင်ရဲတိုက်ထဲသို့ခေါ်ဆောင်သွားရန်အမိန့် ပေး၏။
Acts 23:32နောက်တစ်နေ့၌ခြေလျင်တပ်သားများသည် ရဲတိုက်သို့ပြန်လာခဲ့ကြ၏။ မြင်းတပ်သား များသည်ပေါလုနှင့်အတူဆက်လက်ခရီး ပြုရန်ဖြစ်၏။-