တမန်တော်ဝတ္ထု 23:29
ယုဒအမျိုးသားတို့သည်သူ့ကိုမိမိတို့၏ ပညတ်တရားဆိုင်ရာပြဿနာများနှင့်ပတ် သက်၍ပြစ်တင်စွပ်စွဲကြပါသည်။ သူ့မှာသေ ဒဏ်ခံထိုက်သောအပြစ်၊ သို့မဟုတ်ထောင်ဒဏ် ခံထိုက်သောအပြစ်တစ်စုံတစ်ရာမျှမရှိ ကြောင်းကိုအကျွန်ုပ်တွေ့ရှိပါ၏။-
Common Language Bible
In The King James Version
In Context
Cross References
Acts 18:15သို့ရာတွင်ဤအမှု၏စကားများ၊ နာမည် များသည်သင်တို့၏ပညတ်တရားနှင့်သက် ဆိုင်သည့်အမှုဖြစ်သဖြင့် သင်တို့ကိုယ်တိုင် ပင်စီရင်ဆုံးဖြတ်ကြလော့။ ထိုအမှုမျိုး ကိုငါမစီရင်ပြီ'' ဟုဆို၍၊-
Acts 24:5ဤသူသည်အနှောင့်အယှက်အလွန်ပေးတတ် သူ၊ တိုင်းပြည်အတွက်အန္တရာယ်ရှိသူဖြစ်ကြောင်း အကျွန်ုပ်တို့တွေ့ရှိရပါသည်။ သူသည်ကမ္ဘာ အရပ်ရပ်ရှိယုဒအမျိုးသားအပေါင်းတို့ ကို ရုန်းရင်းဆန်ခတ်ဖြစ်အောင်လှုံ့ဆော်ပေး ပါ၏။ နာဇရက်ဂိုဏ်းသားတို့၏ခေါင်းဆောင် တစ်ယောက်ဖြစ်ပါ၏။-
Acts 25:7ပေါလုရောက်ရှိလာသောအခါယေရုရှလင် မြို့မှ လာရောက်ကြသောယုဒအမျိုးသား တို့သည် သူ့ကိုဝိုင်းရံလျက်ကြီးလေးသော ပြစ်မှုများနှင့်စွပ်စွဲပြောဆိုကြ၏။ သို့ သော်ခိုင်လုံသောသက်သေကိုမပြနိုင်ကြ။-
Acts 25:19သူတို့၏ဘာသာတရားနှင့်ပတ်သက်၍လည်း ကောင်း၊ ယေရှုဆိုသူအကြောင်းနှင့်ပတ်သက် ၍လည်းကောင်း၊ အငြင်းပွားမှုသာဖြစ်ပါ သည်။ ထိုယေရှုသည်သေလွန်သွားသော်လည်း အသက်ရှင်လျက်ရှိသည်ဟုပေါလုကဆို ပါသည်။-
Acts 26:31သူတို့သည်ထိုနေရာမှထွက်ခွာသွားပြီး နောက် ``ဤသူသည်သေဒဏ်သို့မဟုတ်ထောင် ဒဏ်ခံထိုက်သည့်ပြစ်မှုတစ်စုံတစ်ရာကိုမျှ မကူးလွန်'' ဟုအချင်းချင်းပြောဆိုကြ၏။-