တမန်တော်ဝတ္ထု 25:19
သူတို့၏ဘာသာတရားနှင့်ပတ်သက်၍လည်း ကောင်း၊ ယေရှုဆိုသူအကြောင်းနှင့်ပတ်သက် ၍လည်းကောင်း၊ အငြင်းပွားမှုသာဖြစ်ပါ သည်။ ထိုယေရှုသည်သေလွန်သွားသော်လည်း အသက်ရှင်လျက်ရှိသည်ဟုပေါလုကဆို ပါသည်။-
Common Language Bible
In The King James Version
In Context
Cross References
Acts 17:22ပေါလုသည် အာရေတောင်တရားရုံးတော်ရှေ့ တွင်ရပ်လျက် ``အာသင်မြို့သားတို့၊ သင်တို့သည် လွန်စွာဘုရားတရားကြည်ညိုသူများဖြစ် ကြောင်း အစစအရာရာကိုထောက်၍ငါသိ ရ၏။-
Acts 18:15သို့ရာတွင်ဤအမှု၏စကားများ၊ နာမည် များသည်သင်တို့၏ပညတ်တရားနှင့်သက် ဆိုင်သည့်အမှုဖြစ်သဖြင့် သင်တို့ကိုယ်တိုင် ပင်စီရင်ဆုံးဖြတ်ကြလော့။ ထိုအမှုမျိုး ကိုငါမစီရင်ပြီ'' ဟုဆို၍၊-
Acts 23:29ယုဒအမျိုးသားတို့သည်သူ့ကိုမိမိတို့၏ ပညတ်တရားဆိုင်ရာပြဿနာများနှင့်ပတ် သက်၍ပြစ်တင်စွပ်စွဲကြပါသည်။ သူ့မှာသေ ဒဏ်ခံထိုက်သောအပြစ်၊ သို့မဟုတ်ထောင်ဒဏ် ခံထိုက်သောအပြစ်တစ်စုံတစ်ရာမျှမရှိ ကြောင်းကိုအကျွန်ုပ်တွေ့ရှိပါ၏။-
Acts 26:22သို့သော်ဘုရားသခင်သည်အကျွန်ုပ်ကိုမစ တော်မူသဖြင့် ယနေ့တိုင်အောင်အကျွန်ုပ်သည် အသက်ရှင်၍ယုတ်မြတ်မဟူလူအပေါင်းတို့ အားသက်သေခံလျက်ရှိပါ၏။ မေရှိယသည် အသေခံတော်မူရမည်ဟူ၍လည်းကောင်း၊ ကိုယ်တော်သည်သေခြင်းမှအဦးထမြောက် တော်မူပြီးလျှင် ဣသရေလအမျိုးသားတို့ နှင့်လူမျိုးခြားတို့အား ကယ်တင်ခြင်း အလင်းတရားတော်ကိုကြေညာတော်မူ လိမ့်မည်ဟူ၍လည်းကောင်း မောရှေနှင့်ပရော ဖက်များဟောကြားခဲ့သည့်အတိုင်းအကျွန်ုပ် သည်ဟောပြောပါ၏'' ဟုချေပလျှောက် ထား၏။
1 Corinthians 15:14ခရစ်တော်ထမြောက်တော်မမူလျှင်ငါတို့ ၏ဟောပြောခြင်းသည်အကျိုးမရှိ။ သင်တို့၏ ယုံကြည်ခြင်းသည်လည်းအကျိုးမရှိ။-