တမန်တော်ဝတ္ထု 24:1
နောက်ငါးရက်ကြာသောအခါယဇ်ပုရောဟိတ် မင်းအာနနိသည် ဘာသာရေးခေါင်းဆောင်အချို့ တို့လိုက်ပါလျက် တေရတုလုနာမည်ရှိသော ရှေ့နေနှင့်အတူကဲသရိမြို့သို့ရောက်ရှိလာ၏။ ထိုသူတို့သည်ဘုရင်ခံဖေလဇ်၏ရှေ့တော်သို့ ဝင်၍ပေါလုအကြောင်းနှင့်ပတ်သက်၍စွဲချက် တင်ကြ၏။-
Common Language Bible
In The King James Version
In Context
Cross References
Acts 12:21ဟေရုဒ်မင်းသည်ချိန်းချက်ထားသည့်နေ့၌ မင်း မြောက်တန်ဆာများကိုဝတ်ဆင်ပြီးလျှင် ရာဇ ပလ္လင်တော်ပေါ်တွင်ထိုင်တော်မူလျက် လူတို့ အားမိန့်ခွန်းမြွက်ကြားတော်မူ၏။-
Acts 23:2ယဇ်ပုရောဟိတ်မင်းအာနနိသည်လည်း အနီးတွင်ရပ်နေသူများအား ပေါလု၏နှုတ် ကိုအရိုက်ခိုင်းလေ၏။-
Acts 23:30ယုဒအမျိုးသားတို့သည်သူ့ကိုလုပ်ကြံရန် လျှို့ဝှက်ကြံစည်လျက်ရှိကြောင်းသတင်းကို ရရှိသဖြင့် အကျွန်ုပ်သည်သူ့အားအရှင့်ထံ သို့ချက်ချင်းစေလွှတ်လိုက်ပါ၏။ တရားလို များအားလည်းမိမိတို့၏အမှုကိုအရှင့် ရှေ့တော်တွင် လျှောက်လဲကြရန်ညွှန်ကြား လိုက်ပါသည်။ အရှင်ကျန်းမာပါစေသော'' ဟူ၍ပါရှိ၏။
Acts 24:11အကျွန်ုပ်သည်ယေရုရှလင်မြို့သို့ဘုရား သခင်ကို ဝတ်ပြုကိုးကွယ်ရန်သွားရောက်ခဲ့ သည်မှာတစ်ဆယ့်နှစ်ရက်မျှသာရှိပါသေး သည်။ ဤအချက်များကိုအရှင်စုံစမ်းသိ ရှိနိုင်ပါ၏။-
Acts 25:15ကျွန်ုပ်ယေရုရှလင်မြို့သို့ရောက်စဉ်အခါက ယဇ်ပုရောဟိတ်ကြီးများနှင့်ယုဒအမျိုး သားခေါင်းဆောင်များသည် ကျွန်ုပ်အားထိုသူ ကိုစွပ်စွဲချက်တင်ကြပြီးနောက် သူ့အား အပြစ်ဒဏ်စီရင်ရန်တောင်းဆိုကြပါ၏။-