တမန်တော်ဝတ္ထု 12:21
ဟေရုဒ်မင်းသည်ချိန်းချက်ထားသည့်နေ့၌ မင်း မြောက်တန်ဆာများကိုဝတ်ဆင်ပြီးလျှင် ရာဇ ပလ္လင်တော်ပေါ်တွင်ထိုင်တော်မူလျက် လူတို့ အားမိန့်ခွန်းမြွက်ကြားတော်မူ၏။-
Common Language Bible
In The King James Version
In Context
22ထိုသူတို့က ``ဤအသံသည်လူ၏အသံ မဟုတ်။ ဘုရားသခင်၏အသံဖြစ်၏'' ဟု ကြွေးကြော်ကြ၏။-
Cross References
1 Kings 22:10ဘုရင်နှစ်ပါးတို့သည် မင်းမြောက်တန်ဆာများ ကိုဝတ်ဆင်ကာရှမာရိမြို့၊ မြို့တံခါးပြင် ကောက်နယ်တလင်း၌ရာဇပလ္လင်များအပေါ် တွင်ထိုင်လျက်နေကြ၏။ သူတို့၏ရှေ့၌ပရော ဖက်အပေါင်းတို့သည်လည်းရှေ့ဖြစ်ကိုဟော ၍နေကြ၏။-
Proverbs 18:12ပျက်စီးခြင်းအရင်၌လူသည် စိတ်မြင့်ခြင်း၏ နေရာ၊ ဂုဏ်အသရေ အရင်၌နှိမ့်ချခြင်း၏နေရာရှိ၏။
Malachi 3:15ငါတို့တွေ့မြင်ရကြသည့်အတိုင်းမာန်မာန ကြီးသူများသည်မင်္ဂလာရှိကြ၏။ သူယုတ်မာ တို့သည်ကောင်းစားကြ၏။ ထိုမျှမကသူတို့ သည်ဘုရားသခင်၏ခန္တီပါရမီတော်ကို အကဲစမ်းကြသော်လည်းအဘယ်ဒုက္ခနှင့် မျှမတွေ့ရကြ' ဟုဆိုကြ၏'' ဟုမိန့်တော် မူ၏။
Acts 25:23သို့ဖြစ်၍နောက်တစ်နေ့၌အဂြိပ္ပမင်းနှင့်မိ ဖုရားဗေရနိတ်တို့သည် ခမ်းနားကြီးကျယ် သောအဆောင်အယောင်များနှင့်တကွတပ်မှူး များ၊ မြို့ပေါ်ရှိဂုဏ်အသရေရှိလူကြီးများ နှင့်အတူကြွလာလျက် ညီလာခံခန်းမကြီး သို့ဝင်တော်မူ၏။ ထိုအခါဖေတ္တု၏အမိန့် အရ ပေါလုအားခေါ်သွင်းကြ၏။-