တမန်တော်ဝတ္ထု 24:10
ဘုရင်ခံမင်းသည်လက်ရိပ်ပြ၍ပေါလုအား တင်လျှောက်ခွင့်ပြုသောအခါပေါလုက၊ ``အရှင်သည်ဤလူမျိုးအပေါ်၌နှစ်ပေါင်း များစွာ တရားစီရင်လျက်နေခဲ့သူဖြစ်ကြောင်း အကျွန်ုပ်သိပါ၏။ ထို့ကြောင့်အကျွန်ုပ်မှာအပြစ် မရှိကြောင်းကို အရှင်အားလျှောက်လဲရသည့် အတွက်ဝမ်းမြောက်ပါ၏။-
Common Language Bible
In The King James Version
In Context
Cross References
Luke 12:14ကိုယ်တော်က ``အချင်းလူ၊ အဘယ်သူသည်ငါ့ကို သင်တို့၏တရားသူကြီးအဖြစ်ဖြင့်လည်းကောင်း၊ အမွေခွဲဝေသူအဖြစ်ဖြင့်လည်းကောင်းခန့်ထား သနည်း'' ဟုပြန်၍မိန့်တော်မူ၏။-
Acts 12:17ပေတရုကဆိတ်ဆိတ်နေကြရန်လက်ရိပ်ပြ ပြီးလျှင် မိမိအားသခင်ဘုရားသည်အဘယ် သို့ထောင်ထဲမှထုတ်ဆောင်လာကြောင်းကိုပြော ပြလေ၏။ ထိုနောက် ``ဤအကြောင်းကိုယာကုပ် နှင့်အခြားညီအစ်ကိုတို့အားပြောပြကြပါ'' ဟုမှာကြားပြီးလျှင်အခြားအရပ်သို့ထွက် ခွာသွား၏။
Acts 18:15သို့ရာတွင်ဤအမှု၏စကားများ၊ နာမည် များသည်သင်တို့၏ပညတ်တရားနှင့်သက် ဆိုင်သည့်အမှုဖြစ်သဖြင့် သင်တို့ကိုယ်တိုင် ပင်စီရင်ဆုံးဖြတ်ကြလော့။ ထိုအမှုမျိုး ကိုငါမစီရင်ပြီ'' ဟုဆို၍၊-
Acts 21:40တပ်မှူးကခွင့်ပြုသဖြင့်ပေါလုသည်လှေခါး ထစ်ပေါ်တွင်ရပ်လျက် လူတို့အားလက်ရိပ်ပြ၏။ ထိုသူတို့တိတ်ဆိတ်နေကြသောအခါ သူသည် ဟေဗြဲဘာသာစကားဖြင့်မြွက်ဆိုလျက်၊
Acts 26:1အဂြိပ္ပမင်းကြီးက ``သင်လျှောက်ထားနိုင် သည်'' ဟုပေါလုအားဆိုသော် ပေါလုသည် လက်ကိုဆန့်၍၊-