တမန်တော်ဝတ္ထု 24:16
သို့ဖြစ်၍အကျွန်ုပ်သည်ဘုရားသခင်ရှေ့လူ တို့ရှေ့တွင် မိမိ၏သြတ္တပ္ပစိတ်ကြည်လင်မှုရှိ စေရန်အစဉ်အမြဲအစွမ်းကုန်ကြိုးစား အားထုတ်ပါ၏။
Common Language Bible
In The King James Version
In Context
Cross References
Romans 2:15ပညတ်တရား၏ပြဋ္ဌာန်းချက်များသည်ထို သူတို့၏နှလုံးသားတွင်ရေးသားထားလျက် ရှိကြောင်း သူတို့၏အပြုအမူများကထောက် ခံ၏။ သူတို့၏သြတ္တပ္ပစိတ်ကလည်းထောက်ခံ၏။ အဘယ်ကြောင့်ဆိုသော်သူတို့၏စိတ်နှလုံး သည် တစ်ခါတစ်ရံသူတို့ကိုပြစ်တင်၍ တစ်ခါ တစ်ရံလည်းသူတို့ကိုထောက်ခံသောကြောင့် ဖြစ်၏။-
1 Corinthians 4:4ငါ၏သြတ္တပ္ပစိတ်သည်ကြည်လင်လျက်ရှိ၏။ ယင်း သို့ဆိုသော်ငါ၌အြုပစ်မရှိဟုမဆိုလို။ ငါ့ကို စစ်ကြောစီရင်သူကားသခင်ဘုရားပေတည်း။-
2 Corinthians 4:2ငါတို့သည်ရှက်ဖွယ်ရာလျှို့ဝှက်မှုအပေါင်း တို့ကိုစွန့်ပယ်ကြ၏။ ငါတို့သည်ကောက်ကျစ် စဉ်းလဲမှုကိုမပြု။ ဘုရားသခင်၏နှုတ်ကပတ် တရားတော်ကိုမှောက်လှန်၍မဟောမပြော။ ငါတို့သည်ဘုရားသခင်၏မျက်မှောက်တော် ၌သမ္မာတရားတော်၏အလင်းတွင် သက်ရှင် လှုပ်ရှား၍လူအပေါင်းတို့သြတ္တပ္ပစိတ် ကြည်လင်အောင်ပြုမူဆောင်ရွက်ကြ၏။-
1 Timothy 1:5ဤသို့ပညတ်ရခြင်းအကြောင်းမှာသန့်စင် သောမေတ္တာ၊ ကြည်လင်သောသြတ္တပ္ပစိတ်နှင့် စစ်မှန်သောယုံကြည်ခြင်းကိုနှိုးဆွပေး လို၍ဖြစ်၏။-
1 Timothy 3:9ငါတို့ဘာသာတရားနှင့်ဆိုင်သောနက်နဲ သောသစ္စာတရားများကိုသြတ္တပ္ပစိတ်ကြည် လင်စွာဖြင့်လက်ခံသူများဖြစ်ရကြမည်။-
Titus 1:15မိမိတို့ကိုယ်တိုင်စိတ်နှလုံးစင်ကြယ်သန့်ရှင်း သူတို့အဖို့မှာ မည်သည့်အရာမဆိုစင်ကြယ် သန့်ရှင်း၏။ သို့သော်မိမိတို့ကိုယ်တိုင်မစင် ကြယ်မယုံကြည်သူတို့အဖို့မှာမူကား အဘယ်အရာမျှစင်ကြယ်သန့်ရှင်းသည်ဟူ၍ မရှိ။ အဘယ်ကြောင့်ဆိုသော်ထိုသူတို့၏စိတ် နှလုံးနှင့်သြတ္တပ္ပစိတ်သည်ညစ်ညမ်းနေသော ကြောင့်ဖြစ်၏။-