The Bible Software
bible.software › တမန်တော်ဝတ္ထု › တမန်တော်ဝတ္ထု 25 › တမန်တော်ဝတ္ထု 25:23

တမန်တော်ဝတ္ထု 25:23

သို့​ဖြစ်​၍​နောက်​တစ်​နေ့​၌​အ​ဂြိပ္ပ​မင်း​နှင့်​မိ ဖု​ရား​ဗေ​ရ​နိတ်​တို့​သည် ခမ်း​နား​ကြီး​ကျယ် သော​အ​ဆောင်​အ​ယောင်​များ​နှင့်​တ​ကွ​တပ်​မှူး များ၊ မြို့​ပေါ်​ရှိ​ဂုဏ်​အ​သ​ရေ​ရှိ​လူ​ကြီး​များ နှင့်​အ​တူ​ကြွ​လာ​လျက် ညီ​လာ​ခံ​ခန်း​မ​ကြီး သို့​ဝင်​တော်​မူ​၏။ ထို​အ​ခါ​ဖေတ္တု​၏​အ​မိန့် အ​ရ ပေါ​လု​အား​ခေါ်​သွင်း​ကြ​၏။-

Common Language Bible

In The King James Version

And on the morrow, when Agrippa was come, and Bernice, with great pomp, and was entered into the place of hearing, with the chief captains, and principal men of the city, at Festus’ commandment Paul was brought forth.

In Context

22အ​ဂြိပ္ပ​မင်း​က ``ထို​သူ​ပြော​ကြား​သည်​ကို ကျွန်ုပ်​ကိုယ်​တိုင်​ကြား​လို​ပါ​သည်'' ဟု​ဆို လျှင်​ဖေတ္တု​က ``ထို​သူ​ပြော​ကြား​သည်​ကို နက်​ဖြန်​ကြား​ရ​ပါ​စေ​မည်'' ဟု​ဆို​၏။

24ဖေတ္တု​က ``အ​ဂြိပ္ပ​မင်း​ကြီး​နှင့်​ကြွ​ရောက်​လာ သော​သူ​အ​ပေါင်း​တို့၊ ယေ​ရု​ရှ​လင်​မြို့​နှင့်​ဤ မြို့​တွင်​ရှိ​သည့်​ယု​ဒ​အ​မျိုး​သား​အ​ပေါင်း တို့​က `ဤ​သူ​ကို​အ​ရှင်​မ​ထား​သင့်​ပါ' ဟု ကြွေး​ကြော်​ကာ​ကျွန်ုပ်​ထံ​လျှောက်​ထား​ခဲ့ ကြ​၏။ ထို​သို့​လျှောက်​ထား​ခြင်း​ခံ​ရ​သူ ကား​ဤ​သူ​ပင်​တည်း။-

Read all of တမန်တော်ဝတ္ထု 25

Cross References

Ecclesiastes 1:2အနတ္တသက်သက်၊ အနတ္တသက်သက်၊ ခပ်သိမ်းသောအရာတို့သည် အနတ္တဖြစ်ကြ၏။

Isaiah 14:11အ​ခါ​တစ်​ပါး​က​သင်​သည်​စောင်း​သံ​များ ဖြင့်​ဂုဏ်​ပြု​ဖျော်​ဖြေ​ခြင်း​ကို​ခံ​ခဲ့​ရ​သော် လည်း ယ​ခု​အ​ခါ​မ​ရ​ဏ​နိုင်​ငံ​သို့​ရောက်​ရှိ နေ​ပါ​ပြီ​တ​ကား။ လောက်​ကောင်​များ​ကို​အိပ် ရာ​လုပ်​၍​လဲ​လျောင်း​ကာ​တီ​ကောင်​များ​ကို စောင်​လုပ်​၍​ခြုံ​ရ​လေ​ပြီ​တ​ကား' ဟု​ဟစ် အော်​ပြော​ဆို​ကြ​၏။''

Ezekiel 30:18အီ​ဂျစ်​ပြည်​၏​တန်​ခိုး​အာ​ဏာ​တည်း​ဟူ သော​ထမ်း​ပိုး​ကို ငါ​ချိုး​နှိမ်​သော​အ​ခါ​သူ တို့​ဂုဏ်​ယူ​ဝါ​ကြွား​သည့်​စွမ်း​ရည်​သတ္တိ ကို​ပ​ပျောက်​စေ​မည်။ တာ​ပ​နက်​မြို့​သည် မှောင်​မိုက်​၍​နေ​လိမ့်​မည်။ အီ​ဂျစ်​ပြည်​တွင် မိုး​တိမ်​များ​အုပ်​ဆိုင်း​လျက်​မြို့​အား​လုံး မှ​လူ​တို့​သည်​သုံ့​ပန်း​အ​ဖြစ်​ဖမ်း​ဆီး သိမ်း​ယူ​သွား​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။-

Ezekiel 33:28ငါ​သည်​ထို​ပြည်​ကို​လူ​သူ​ဆိတ်​ငြိမ်​ရာ အ​ရပ်​ဖြစ်​စေ​မည်။ ပြည်​သူ​တို့​ဂုဏ်​ယူ​ဝါ ကြွား​ရာ​ဖြစ်​သည့်​တန်​ခိုး​အာ​ဏာ​သည် လည်း​ဆိတ်​သုဉ်း​သွား​လိမ့်​မည်။ မည်​သူ​မျှ ဖြတ်​သန်း​သွား​လာ​မှု​မ​ပြု​နိုင်​လောက်​အောင် ဣ​သ​ရေ​လ​တောင်​တို့​သည်​တော​ရိုင်း​ဖြစ် လိမ့်​မည်။-

Acts 9:15သို့​ရာ​တွင်​သ​ခင်​ဘု​ရား​က ``သွား​လော့။ ဤ သူ​ကား​လူ​မျိုး​ခြား​များ၊ ရှင်​ဘု​ရင်​များ​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​၏​အ​ကြောင်း ကို​ဟော​ပြော​ကြေ​ညာ​ရန်​ငါ​ရွေး​ချယ်​ထား သူ​ဖြစ်​၏။-

Acts 25:13ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ အ​ဂြိပ္ပ​မင်း​ကြီး​နှင့်​မိ​ဖု​ရား​ဗေ​ရ​နိတ် တို့​သည် ကဲ​သ​ရိ​မြို့​သို့​ရောက်​နေ​သော ဘု​ရင်​ခံ​ဖေတ္တု​အား​နှုတ်​ဆက်​ရန် ကဲ​သ​ရိ မြို့​သို့​လာ​ကြ​၏။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study တမန်တော်ဝတ္ထု 25:23

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesJohn LightfootGeneva Bible Notes (1599)
← တမန်တော်ဝတ္ထု 25:22တမန်တော်ဝတ္ထု 25တမန်တော်ဝတ္ထု 25:24 →