တမန်တော်ဝတ္ထု 25:8
ပေါလုက ``အကျွန်ုပ်သည်ယုဒအမျိုးသား တို့၏ပညတ်တရားကိုဖြစ်စေ၊ ဗိမာန်တော် ကိုဖြစ်စေ၊ ရောမဧကရာဇ်မင်းကိုဖြစ်စေ ပြစ်မှားမှုတစ်စုံတစ်ခုကိုမျှမကူးလွန် ခဲ့ပါ'' ဟုချေပပြောဆို၏။
Common Language Bible
In The King James Version
In Context
Cross References
Genesis 40:15စင်စစ်အားဖြင့်ကျွန်တော်သည်ဟေဗြဲအမျိုး သားတို့၏နိုင်ငံမှခိုးထုတ်ခြင်းကိုခံခဲ့ရပါ သည်။ ဤပြည်၌လည်းကျွန်တော်သည်အကျဉ်းခံ ထိုက်သည့်အဘယ်ပြစ်မှုကိုမျှမကူးလွန်ခဲ့ ရပါ'' ဟုဖလားတော်ဆက်ဝန်အားပြောလေ၏။
Daniel 6:22ခြင်္သေ့တို့သည်အကျွန်ုပ်အားဘေးအန္တရာယ် မပြုနိုင်စေရန်ဘုရားသခင်သည် မိမိ၏ ကောင်းကင်တမန်ကိုစေလွှတ်၍ခြင်္သေ့တို့ ၏နှုတ်ကိုပိတ်ထားတော်မူပါ၏။ ဤကဲ့သို့ ပြုတော်မူခြင်းမှာအကျွန်ုပ်၌အပြစ်မ ရှိကြောင်းကိုလည်းကောင်း၊ အကျွန်ုပ်သည် အရှင်မင်းကြီးအားမပြစ်မှားခဲ့ကြောင်း ကိုလည်းကောင်းသိတော်မူသောကြောင့် ဖြစ်ပါ၏'' ဟုလျှောက်လေ၏။
Acts 23:1ပေါလုသည်ယုဒတရားလွှတ်တော်အဖွဲ့ဝင် များကိုစေ့စေ့ကြည့်လျက် ``ညီအစ်ကိုတို့၊ အကျွန်ုပ်သည်ယနေ့တိုင်အောင်တစ်သက်လုံး ဘုရားသခင်၏ရှေ့တော်တွင်သြတ္တပ္ပစိတ်ကြည် လင်စွာဖြင့်နေထိုင်ပြုကျင့်ခဲ့ပါ၏'' ဟုပြော၏။-
Acts 24:12ဗိမာန်တော်တွင်ဖြစ်စေ၊ တရားဇရပ်များ တွင်ဖြစ်စေ၊ မြို့ထဲတွင်ဖြစ်စေလူတို့ဆူပူ လှုပ်ရှားအောင် အကျွန်ုပ်လှုံ့ဆော်ပေးသည် ကိုယုဒအမျိုးသားတို့မတွေ့မရှိခဲ့ ကြပါ။-
Acts 25:10ပေါလုက ``အကျွန်ုပ်သည်ယခုဧကရာဇ် ဘုရင်တရားခွင်တွင် အစစ်အဆေးခံနိုင် ခွင့်ကိုတောင်းဆိုပါ၏။ အရှင်အမှန်သိတော် မူသည်အတိုင်းအကျွန်ုပ်သည် ယုဒအမျိုး သားတို့အားအဘယ်သို့မျှမပြစ်မှားခဲ့ ပါ။-
Acts 28:21ထိုသူတို့က ``ငါတို့သည်သင်၏အကြောင်း ယုဒပြည်မှစာတစ်စောင်မျှမရခဲ့ကြပါ။ ငါတို့ယုဒအမျိုးသားညီအစ်ကိုတစ်စုံတစ် ယောက်မျှလည်း လာရောက်၍သင်၏အကြောင်း မကောင်းသတင်းမပြောပါ။-