တမန်တော်ဝတ္ထု 26:10
ယေရုရှလင်မြို့တွင်ထိုသို့ပြုခဲ့ပါ၏။ ယဇ်ပုရောဟိတ်ကြီးများ၏အမိန့်အာဏာ ဖြင့် ယုံကြည်သူအမြောက်အမြားကိုထောင် သွင်း၍အကျဉ်းထားခဲ့ပါ၏။ သူတို့အား သေဒဏ်စီရင်ချိန်၌လည်း အကျွန်ုပ်သဘော တူမဲဆန္ဒပေးခဲ့ပါ၏။-
Common Language Bible
In The King James Version
In Context
Cross References
Acts 7:58သူ့ကိုမြို့ပြင်သို့ဆွဲထုတ်ပြီးနောက်ကျောက်ခဲ နှင့်ပေါက်ကြ၏။ အသိသက်သေများသည်မိမိ တို့ဝတ်လုံများကိုရှောလုနာမည်ရှိသူ လူငယ် လူရွယ်တစ်ယောက်အားအပ်ထားကြ၏။-
Acts 8:3သို့ရာတွင်ရှောလုသည်အသင်းတော်ကို ပျောက်ပျက်စေရန်ကြိုးစားလျက်နေ၏။ သူ သည်တစ်အိမ်ပြီးတစ်အိမ်ဝင်၍ ယုံကြည်သူ အမျိုးသားအမျိုးသမီးတို့ကိုဆွဲထုတ်ကာ အကျဉ်းထောင်တွင်ချုပ်နှောင်ထားလေသည်။
Acts 9:13အာနနိက ``သခင်ဘုရား၊ ဤသူသည်ယေရု ရှလင်မြို့ရှိကိုယ်တော်၏လူစုတော်အားမည် မျှဒုက္ခပေးခဲ့သည်ကို လူအမြောက်မြားထံ မှအကျွန်ုပ်ကြားသိရပါ၏။-
Acts 9:26သူသည်ယေရုရှလင်မြို့သို့ရောက်သောအခါ တပည့်တော်တို့နှင့်ပေါင်းဖော်ရန်ကြိုးစား၏။ သို့သော်လည်းသူသည်တပည့်တော်တစ်ဦး ဖြစ်လာကြောင်းကို တပည့်တော်အပေါင်းတို့ သည်မယုံသဖြင့်သူ့ကိုကြောက်ကြ၏။-
Acts 9:41ပေတရုသည်လက်ကိုကမ်းပေးပြီးလျှင်ထို အမျိုးသမီးကိုဆွဲထူလိုက်၏။ ထိုနောက် မုဆိုးမများအပါအဝင်ယုံကြည်သူများ ကိုခေါ်၍ အသက်ရှင်လျက်ရှိသောဒေါ်ကာ ကိုပေးအပ်၏။-
Acts 22:19အကျွန်ုပ်က `သခင်ဘုရား၊ တရားဇရပ်တစ်ခု မှတစ်ခုသို့သွား၍ အရှင့်ကိုယုံကြည်ကြသူ တို့အားဖမ်းဆီးရိုက်နှက်သူမှာ အကျွန်ုပ်ပင် ဖြစ်ကြောင်းထိုသူတို့သိကြပါ၏။-