တမန်တော်ဝတ္ထု 3:2
တင့်တယ်ဟုခေါ်သောတံခါးအနီးတွင်ဝမ်း တွင်းပါခြေမစွမ်းမသန်သူလူတစ်ယောက် ထိုင်လျက်ရှိ၏။ ဗိမာန်တော်ထဲသို့လာကြ သောသူများထံမှကြေးငွေတောင်းခံနိုင်ရန် နေ့စဉ်နေ့တိုင်းထိုသူကိုတံခါးအနီးတွင် ချထားလေ့ရှိကြ၏။-
Common Language Bible
In The King James Version
In Context
Cross References
Luke 18:35သခင်ယေရှုသည်ယေရိခေါမြို့အနီးသို့ ရောက်တော်မူသောအခါ မျက်မမြင်တစ်ဦး သည်လမ်းနားမှာထိုင်၍တောင်းစားလျက်နေ၏။-
John 9:8သူသည်သူတောင်းစားဖြစ်သဖြင့်ယခင်က သူ့ကိုမြင်ဖူးသူများနှင့်အိမ်နီးချင်းများ က ``ဤသူသည်ထိုင်၍ကြေးငွေတောင်းခံလေ့ ရှိသူမဟုတ်ပါလော'' ဟုဆိုကြ၏။
Acts 10:4သူသည်ထိတ်လန့်လျက်ကောင်းကင်တမန်ကို စိုက်ကြည့်ပြီးလျှင် ``အရှင်၊ အဘယ်အမှု အခင်းရှိပါသနည်း'' ဟုမေးလျှောက်၏။ ကောင်းကင်တမန်ကလည်း ``သင်၏ဆုတောင်း ပတ္ထနာနှင့်စွန့်ကြဲပေးကမ်းမှုကို ဘုရားသခင် နှစ်သက်တော်မူသဖြင့်သင့်အားသိမှတ်တော် မူလေပြီ။-
Acts 14:8လုတ္တရမြို့တွင်အဘယ်အခါကမျှလမ်းမ လျှောက်နိုင်ခဲ့သူ၊ မွေးစကပင်ခြေမစွမ်းမသန် ခဲ့သူလူတစ်ယောက်ရှိ၏။-