တမန်တော်ဝတ္ထု 5:26
ထိုအခါဗိမာန်တော်အစောင့်တပ်မှူးသည် မိမိ၏တပ်သားများနှင့်သွားရောက်၍ တမန် တော်တို့ကိုခေါ်ဆောင်ခဲ့၏။ သို့ရာတွင်မိမိ တို့အားလူထုကခဲနှင့်ပေါက်မည်ကိုစိုးရိမ် သဖြင့် တမန်တော်တို့အားအကြမ်းဖက်မှု ကိုမပြုကြ။
Common Language Bible
In The King James Version
In Context
Cross References
Matthew 14:5ဟေရုဒ်သည်ယောဟန်ကိုသတ်လိုသော်လည်း ယုဒအမျိုးသားတို့ကိုကြောက်သဖြင့်မသတ် ရဲချေ။ အဘယ်ကြောင့်ဆိုသော်သူတို့သည်ယောဟန် ကိုပရောဖက်တစ်ပါးဟုမှတ်ယူနေကြသော ကြောင့်ဖြစ်၏။
Matthew 26:5သူတို့က ``လူတို့ရုန်းရင်းဆန်ခတ်ဖြစ်မည် ကိုစိုးရိမ်စရာရှိသဖြင့်ပွဲတော်ရက်အတွင်း ၌မဖမ်းမဆီးကြနှင့်'' ဟုဆိုကြ၏။
Luke 20:19ကျမ်းတတ်ဆရာနှင့်ယဇ်ပုရောဟိတ်ကြီးများ သည် မိမိတို့ကိုရည်စူး၍ဤပုံဥပမာကို မိန့်တော်မူကြောင်းသိကြသဖြင့် ချက်ချင်း ပင်ကိုယ်တော်ကိုဖမ်းဆီးရန်ကြံစည်ကြ၏။ သို့ရာတွင်လူတို့ကိုကြောက်ကြ၏။-
Acts 4:21ထိုအခါတရားလွှတ်တော်အဖွဲ့ဝင်တို့သည် သူတို့ကိုထပ်မံကျပ်တည်းစွာသတိပေးပြီး နောက်ထွက်ခွာသွားစေကြ၏။ လူအပေါင်း တို့သည်ဖြစ်ပျက်ခဲ့သည့်အမှုအရာကြောင့် ဘုရားသခင်၏ဘုန်းအသရေတော်ကို ချီးကူးလျက်နေကြသဖြင့် တရားလွှတ် တော်အဖွဲ့ဝင်တို့သည်တမန်တော်တို့ကို မည်သို့မျှအပြစ်ဒဏ်မစီရင်နိုင်ကြ။-
Acts 5:24ထိုစကားကိုကြားလျှင်ဗိမာန်တော်အစောင့် တပ်မှူးနှင့်ယဇ်ပုရောဟိတ်ကြီးတို့သည် ``ဤ အမှုကားအဘယ်သို့ဖြစ်ပါလိမ့်မည်နည်း'' ဟုတွေးတောကြ၏။-