တမန်တော်ဝတ္ထု 7:36
သူသည်အီဂျစ်ပြည်နှင့်ပင်လယ်နီတွင်လည်း ကောင်း၊ အနှစ်လေးဆယ်ပတ်လုံးတောကန္တာရ တွင်လည်းကောင်း အံ့သြဖွယ်ရာနိမိတ်လက္ခ ဏာများကိုပြလျက် ဣသရေလအမျိုး သားတို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်လာ သူဖြစ်၏။-
Common Language Bible
In The King James Version
In Context
Cross References
Exodus 7:1ထာဝရဘုရားကမောရှေအား``အီဂျစ်ဘုရင် ၏ရှေ့တွင်သင်သည်ဘုရားကဲ့သို့လည်းကောင်း၊ သင်၏အစ်ကိုအာရုန်သည်သင့်ကိုယ်စားပြော ဆိုရသောပရောဖက်ကဲ့သို့လည်းကောင်းငါ ဖြစ်စေမည်။-
Exodus 14:21မောရှေသည်ပင်လယ်ပေါ်သို့လက်ကိုဆန့် လိုက်ရာ ထာဝရဘုရားသည်အရှေ့ဘက် မှလေပြင်းကိုတစ်ညလုံးတိုက်ခတ်စေ သဖြင့် ပင်လယ်ရေကွဲ၍အောက်ခြေ၌ ခြောက်သွေ့သောမြေပေါ်စေတော်မူ၏။-
Exodus 15:23ထိုနောက်မာရဟုခေါ်သောအရပ်သို့ရောက် ရှိလာကြရာ ရေသည်ခါးသောကြောင့် မသောက်နိုင်ကြ။ ရေခါးထွက်သဖြင့်ထို အရပ်ကိုမာရဟုခေါ်တွင်လေ၏။-
Exodus 16:35ဣသရေလအမျိုးသားတို့သည်သူတို့ နေထိုင်မည့်ပြည်သို့ရောက်သည့်တိုင်အောင် မန္နမုန့်ကိုနှစ်ပေါင်းလေးဆယ်စားသုံးရ ကြ၏။ သူတို့သည်ခါနာန်ပြည်နယ်စပ် သို့ရောက်သည်အထိမန္နမုန့်ကိုစားရ ကြ၏။-
Exodus 33:1ထာဝရဘုရားသည်မောရှေအား ``သင်သည် အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သောသူတို့နှင့် အတူ ဤအရပ်မှထွက်၍၊ ငါသည်အာဗြဟံ၊ ဣဇာက်၊ ယာကုပ်နှင့်သူတို့၏အဆက်အနွယ် တို့အားပေးမည်ဟုကတိထားခဲ့သော ပြည်သို့သွားလော့။-
Numbers 11:1လူအပေါင်းတို့သည်မိမိတို့တွေ့ကြုံရသော ဆင်းရဲဒုက္ခများကြောင့် ထာဝရဘုရားထံ တော်သို့ညည်းညူသံကိုကြားရသောအခါ အမျက်တော်ထွက်၍သူတို့အပေါ်တွင်လောင် မီးကျစေ၏။ မီးသည်စခန်းတစ်ဘက်စွန်း တွင်ရှိသောလူများကိုလောင်ကျွမ်းစေ၏။-