တမန်တော်ဝတ္ထု 7:35
``မောရှေကားဣသရေလအမျိုးသားတို့၏ ပစ်ပယ်ခြင်းကိုခံရသူတည်း။ သူတို့က`ငါတို့ ကိုတရားစီရင်အုပ်ချုပ်သူအဖြစ်ဖြင့် သင့် အားမည်သူခန့်ထားသနည်း' ဟုသူ့အားမေး ကြ၏။ သူသည်ဣသရေလအမျိုးသားတို့ ကိုအုပ်ချုပ်ရန်နှင့် မီးလျှံတောက်သောချုံတွင် ထင်ရှားသောကောင်းကင်တမန်၏အကူအညီ ဖြင့် ဣသရေလအမျိုးသားတို့လွတ်မြောက် ရေးဆောင်ရွက်ရန်ဘုရားသခင်စေလွှတ်သော သူဖြစ်သည်။-
Common Language Bible
In The King James Version
In Context
Cross References
Exodus 14:19ဣသရေလအမျိုးသားတို့၏ရှေ့ကကြွ သွားသော ဘုရားသခင်၏ကောင်းကင်တမန် သည်အနောက်ဘက်သို့နေရာပြောင်း၍လိုက် ပါလာ၏။ သူတို့၏အရှေ့၌ရှိသောမိုးတိမ် တိုင်သည်လည်း အနောက်ဘက်သို့နေရာ ပြောင်းသဖြင့်၊-
Exodus 23:20``ခရီးလမ်းတွင်သင်တို့အားစောင့်ရှောက်ရန်နှင့် ငါပြင်ဆင်သောအရပ်သို့ သင်တို့ကိုပို့ဆောင်ရန် သင်တို့ရှေ့ကကောင်းကင်တမန်ကိုငါစေလွှတ် မည်။-
Exodus 33:2သင်တို့အားလမ်းပြရန်ကောင်းကင်တမန် ကိုငါစေလွှတ်မည်။ ခါနာန်အမျိုးသား၊ အာ မောရိအမျိုးသား၊ ဟိတ္တိအမျိုးသား၊ ဖေရဇိ အမျိုးသား၊ ဟိဝိအမျိုးသား၊ ယေဗုသိ အမျိုးသားတို့ကိုငါနှင်ထုတ်မည်။-
Numbers 20:16အကျွန်ုပ်တို့သည်ထာဝရဘုရားထံအကူ အညီတောင်းခံလျှောက်ထားသောအခါ ကိုယ် တော်သည်နားညောင်းတော်မူ၍ကောင်းကင် တမန်ကိုစေလွှတ်လျက် ကျွန်ုပ်တို့အားအီဂျစ် ပြည်မှထုတ်ဆောင်တော်မူခဲ့၏။ ယခုအကျွန်ုပ် တို့သည်ကိုယ်တော်၏နယ်စပ်တွင်တည်ရှိ သောကာဒေရှမြို့သို့ရောက်ရှိနေပါသည်။-
1 Samuel 10:27သို့ရာတွင်လူဆိုးလူမိုက်တို့က``ဤသူ သည်ငါတို့အား အဘယ်သို့အကျိုးပြုနိုင် ပါမည်နည်း'' ဟုဆိုကြ၏။ သူတို့သည် ရှောလုကိုအထင်သေးသဖြင့် အဘယ် လက်ဆောင်ကိုမျှမပေးမဆက်ကြ။
Nehemiah 9:10ဖာရောဘုရင်၏မှူးမတ်များနှင့် တိုင်းသူပြည်သားများသည် ကိုယ်တော်၏လူမျိုးတော်ကို ညှဉ်းပန်းနှိပ်စက်ကြသဖြင့် သူတို့အားကိုယ်တော်သည်အံ့သြဖွယ်ရာနိမိတ် လက္ခဏာများကိုပြ၍၊ဒဏ်ခတ်တော်မူသဖြင့် ဂုဏ်သတင်းတော်သည်ယနေ့တိုင်အောင် ကျော်စောလျက်ရှိပါ၏။