တမန်တော်ဝတ္ထု 8:12
သို့သော်ဘုရားသခင်၏နိုင်ငံတော်အကြောင်း၊ သခင်ယေရှုခရစ်၏အကြောင်းသတင်းကောင်း ကို ဖိလိပ္ပုဟောပြောသောအခါထိုသူတို့ ယုံကြည်လာကြသဖြင့် အမျိုးသားများ ရောအမျိုးသမီးများပါဗတ္တိဇံမင်္ဂလာ ကိုခံကြလေသည်။-
Common Language Bible
In The King James Version
In Context
Cross References
Matthew 28:19သို့ဖြစ်၍သင်တို့သည်သွား၍လူမျိုးတကာတို့ ကိုငါ့တပည့်ဖြစ်စေကြလော့။ သူတို့အားခမည်း တော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ ကိုအမှီပြု၍ဗတ္တိဇံမင်္ဂလာကိုပေးကြလော့။-
Luke 9:2ထိုနောက်ဘုရားသခင်၏နိုင်ငံတော်အကြောင်း ကိုဟောပြောရန်လည်းကောင်း၊ ဖျားနာသူများ ကိုကျန်းမာအောင်ကုသပေးရန်လည်းကောင်း စေလွှတ်တော်မူ၏။-
Acts 1:3ကိုယ်တော်သည်အသေခံတော်မူပြီးနောက် အရက်လေးဆယ်အတွင်းတမန်တော်တို့ အားအကြိမ်ပေါင်းများစွာကိုယ်ထင်ပြ၍ မိမိအသက်ရှင်လျက်ရှိတော်မူကြောင်း ခိုင်လုံသောအထောက်အထားများကိုပေး တော်မူ၏။ တမန်တော်တို့သည်ကိုယ်တော် ကိုတွေ့မြင်ရကြ၏။ ကိုယ်တော်သည်လည်း သူတို့အားဘုရားသခင်၏နိုင်ငံတော် အကြောင်းကိုဟောပြောသွန်သင်တော်မူ၏။-
Acts 2:41လူအမြောက်အမြားပင်သူ၏တရားစကား ကိုလက်ခံယုံကြည်ကာ ဗတ္တိဇံမင်္ဂလာခံယူ ကြသဖြင့် ထိုနေ့၌တပည့်တော်အရေအတွက် သုံးထောင်မျှတိုးလာ၏။-
Acts 8:35ဖိလိပ္ပုသည်ထိုကျမ်းပိုဒ်နှင့်ပင်အစပြု၍ သခင်ယေရှုအကြောင်းသတင်းကောင်းကို ဟောပြောလေ၏။-
Acts 11:20သို့ရာတွင်သူတို့အထဲတွင်သခင်ယေရှု ကိုယုံကြည်သူ ကုပရုပြည်သားနှင့်ကုရေ နေပြည်သားအချို့ပါ၏။ သူတို့သည်အန္တိ အုတ်မြို့သို့သွား၍ လူမျိုးခြားတို့အားလည်း သခင်ယေရှု၏အကြောင်းသတင်းကောင်း ကိုဟောပြောကြေညာကြ၏။-