တမန်တော်ဝတ္ထု 11:20
သို့ရာတွင်သူတို့အထဲတွင်သခင်ယေရှု ကိုယုံကြည်သူ ကုပရုပြည်သားနှင့်ကုရေ နေပြည်သားအချို့ပါ၏။ သူတို့သည်အန္တိ အုတ်မြို့သို့သွား၍ လူမျိုးခြားတို့အားလည်း သခင်ယေရှု၏အကြောင်းသတင်းကောင်း ကိုဟောပြောကြေညာကြ၏။-
Common Language Bible
In The King James Version
In Context
Cross References
Matthew 27:32သူတို့သည်ထွက်လာကြစဉ်ရှိမုန်နာမည်ရှိသူ ကုရေနေပြည်သားတစ်ယောက်ကိုတွေ့သဖြင့် ထိုသူအားအတင်းအကြပ်ခေါ်၍ကိုယ်တော်၏ လက်ဝါးကပ်တိုင်ကိုထမ်းစေကြ၏။-
Acts 2:10ဖြူဂိပြည်၊ ပမ်ဖုလိပြည်၊ အီဂျစ်ပြည်များမှ လည်းကောင်း၊ ကုရေနေမြို့အနီးလိဗုနယ်ပယ် များမှလည်းကောင်းလာကြသူများဖြစ်၏။ အချို့သောငါတို့သည်ရောမမြို့မှရောက် လာသော၊-
Acts 5:42နေ့စဉ်နေ့တိုင်းဗိမာန်တော်တွင်လည်းကောင်း၊ အိမ်များတွင်လည်းကောင်းသခင်ယေရှုသည် မေရှိယဖြစ်တော်မူကြောင်းကိုဆက်လက်၍ ဟောပြောသွန်သင်ကြ၏။
Acts 8:5ဖိလိပ္ပုသည်ရှမာရိပြည်၏မြို့တော်သို့သွား၍ မေရှိယ၏အကြောင်းကိုဟောပြော၏။-
Acts 9:20တရားဇရပ်များသို့ချက်ချင်းသွားရောက် ၍ သခင်ယေရှုသည်ဘုရားသခင်၏သား တော်ဖြစ်ကြောင်းဟောပြောလေ၏။
Acts 13:1အန္တိအုတ်မြို့အသင်းတော်တွင် ပရောဖက်များ နှင့်ဆရာများရှိ၏။ ထိုသူတို့ကားဗာနဗ၊ နိဂါခေါ်ရှုမောင်၊ ကုရေနေပြည်သားလုကိ၊ (စော်ဘွားဟေရုဒ်၏ငယ်သူငယ်ချင်းဖြစ်သူ) မာနင်နှင့်ရှောလုတို့တည်း။-