တမန်တော်ဝတ္ထု 9:10
ဒမာသက်မြို့တွင်အာနနိနာမည်ရှိသူ တပည့်တော်တစ်ယောက်ရှိ၏။ ဗျာဒိတ်ရူပါ ရုံထဲတွင်သခင်ဘုရားကအာနနိအား ``အာနနိ'' ဟုခေါ်တော်မူလျှင်၊ အာနနိက ``ရှိပါသည်သခင်ဘုရား'' ဟု လျှောက်၏။
Common Language Bible
In The King James Version
In Context
Cross References
Genesis 31:11အိပ်မက်ထဲတွင်ဘုရားသခင်၏ကောင်းကင် တမန်က`ယာကုပ်' ဟုခေါ်လျှင်ငါက`ရှိပါ သည်အရှင်' ဟုထူးသော်၊-
Numbers 12:6``ငါမိန့်တော်မူသမျှကိုနားထောင်လော့။ သင် တို့တွင်ပရောဖက်များရှိသောအခါ ငါသည် သူတို့အားအိပ်မက်အားဖြင့်သော်လည်းကောင်း၊ ရူပါရုံအားဖြင့်သော်လည်းကောင်းဗျာဒိတ် ပေး၏။-
1 Samuel 3:8ထာဝရဘုရားသည်ရှမွေလကိုတတိယ အကြိမ်ခေါ်တော်မူပြန်၏။ သူသည်ထ၍ ဧလိထံသို့သွားပြီးလျှင်``အရှင်ခေါ်သော ကြောင့်ကျွန်တော်လာပါပြီ'' ဟုလျှောက်၏။ ထိုအခါဧလိသည်သူငယ်ကိုခေါ်သောသူ ကား ထာဝရဘုရားပင်ဖြစ်တော်မူကြောင်း ရိပ်မိသဖြင့်၊-
Isaiah 6:8ထိုနောက်ထာဝရဘုရားက``ငါသည်အဘယ်သူကိုစေလွှတ်ရပါမည်နည်း'' ဟုမေးတော်မူ၏။ ငါကလည်း``ကျွန်တော်မျိုးသွားပါမည်။ ကျွန်တော်မျိုးအားစေလွှတ်တော်မူပါ'' ဟုပြန်လည်လျှောက်ထား၏။
Acts 2:17`အဆုံးစွန်သောနေ့များ၌ငါသည်လူမျိုး အပေါင်းတို့ အပေါ်သို့ငါ၏ဝိညာဉ်တော်ကိုသွန်းလောင်း မည်။ သင်တို့၏သားသမီးများသည်ငါ၏နှုတ်ကပတ် တရားတော်ကိုဟောပြောကြလိမ့်မည်။ လူပျိုလူရွယ်တို့သည်ဗျာဒိတ်ရူပါရုံများကို မြင်ကြလိမ့်မည်။ လူအိုတို့သည်အိပ်မက်များမြင်မက်ကြလိမ့်မည်။
Acts 10:3မွန်းလွဲသုံးနာရီခန့်အချိန်၌ဘုရားသခင် ၏ကောင်းကင်တမန်သည်သူ့ထံသို့လာ၍ ``ကော် နေလိ'' ဟုခေါ်သည်ကိုဗျာဒိတ်ရူပါရုံတွင် အထင်အရှားမြင်ရ၏။