တမန်တော်ဝတ္ထု 9:27
ထိုအခါဗာနဗသည်ရှောလုကိုတမန်တော် တို့ထံသို့ခေါ်ခဲ့ပြီးလျှင် လမ်းခရီးတွင်သခင် ဘုရားအားရှောလုဖူးမြင်ခဲ့ရပုံကိုလည်း ကောင်း၊ သခင်ဘုရားကရှောလုအားမည်သို့ အမိန့်ရှိခဲ့ပုံကိုလည်းကောင်း ဒမာသက်မြို့ တွင်သခင်ယေရှု၏နာမတော်ကိုအမှီပြု၍ ရှောလုရဲရင့်စွာဟောပြောခဲ့ပုံကိုလည်း ကောင်းပြောပြလေသည်။-
Common Language Bible
In The King James Version
In Context
Cross References
Acts 4:13ပေတရုနှင့်ယောဟန်တို့သည်ပညာမတတ် သူ၊ လူသာမန်များသာဖြစ်လျက်နှင့်မည်မျှ ရဲရင့်ကြသည်ကို တရားလွှတ်တော်အဖွဲ့ဝင် တို့တွေ့မြင်ကြသောအခါများစွာအံ့သြ ကြ၏။ ထိုသူနှစ်ဦးတို့သည် သခင်ယေရှု၏ အပေါင်းအဖော်များဖြစ်ခဲ့သည်ကိုလည်း သတိပြုမိကြ၏။-
Acts 4:36ယောသပ်ဟုနာမည်တွင်သောလူတစ်ယောက် ရှိ၏။ သူ့အားတမန်တော်တို့ကဗာနဗဟူ၍ မှည့်ခေါ်ကြ၏။ (ဗာနဗ၏အနက်ကားအား ပေးကူညီသူဟူ၏။) သူသည်ကုပရုပြည် သား၊ လေဝိအနွယ်ဝင်ဖြစ်၏။-
Acts 9:17ထို့ကြောင့်အာနနိသည်ရှောလုရှိသည့်အိမ် သို့သွား၍ ရှောလု၏အပေါ်မှာလက်ကိုတင် ပြီးလျှင် ``ငါ့ညီ၊ သင်သည်မျက်စိအလင်းကို ပြန်လည်ရရှိစေရန်လည်းကောင်း၊ သန့်ရှင်း သောဝိညာဉ်တော်ဖြင့်ပြည့်ဝလာစေရန်လည်း ကောင်း၊ လမ်းခရီးတွင်သင့်အားထင်ရှားတော် မူသောသခင်ယေရှုသည် ငါ့အားသင့်ထံသို့ စေလွှတ်တော်မူလိုက်၏'' ဟုဆို၏။-
Acts 11:22ဤသတင်းကိုယေရုရှလင်မြို့ရှိအသင်း တော်ကြားလျှင် ဗာနဗအားအန္တိအုတ်မြို့ သို့စေလွှတ်ကြ၏။-
Acts 12:25ဗာနဗနှင့်ရှောလုတို့သည် မိမိတို့ဆောင်ရွက် ရန်ရှိသည့်အမှုကိစ္စများကိုဆောင်ရွက်ကြ ပြီးနောက် ယောဟန်မာကုကိုခေါ်၍ယေရု ရှလင်မြို့မှပြန်ခဲ့ကြ၏။
Acts 15:2ပေါလုနှင့်ဗာနဗတို့သည်ထိုသူတို့နှင့် အပြင်းအထန်အငြင်းပွားကာ အချေအတင် ပြောဆိုကြ၏။ ထို့ကြောင့်အသင်းတော်သည်ဤ သို့အငြင်းပွားသည့်ကိစ္စနှင့်ပတ်သက်၍ တိုင်ပင် ဆွေးနွေးရန်ပေါလုနှင့်ဗာနဗတို့ကိုတပည့် တော်အချို့တို့နှင့်အတူ ယေရုရှလင်မြို့ရှိ အသင်းတော်လူကြီးများထံသို့စေလွှတ်ရန် ဆုံးဖြတ်ကြ၏။