Amos 2:10
ငါသည်သင်တို့ကိုအီဂျစ်ပြည်မှထုတ် ဆောင်လာခဲ့၏။ တောကန္တာရအတွင်း၌ အနှစ်လေးဆယ်ပတ်လုံးပို့ဆောင်ခဲ့ပြီး အာမောရိလူမျိုးတို့၏မြေယာများ ကိုသင်တို့ပိုင်ဆိုင်ရန်ပေးအပ်ခဲ့ပြီ။-
Common Language Bible
In The King James Version
In Context
Cross References
Exodus 3:8အီဂျစ်အမျိုးသားတို့လက်တွင်းမှသူတို့ အားကယ်တင်ပြီးလျှင် ထိုပြည်မှထုတ်ဆောင် လျက်မြေသြဇာထက်သန်၍ကျယ်ပြန့်သော ပြည်သို့ပို့ဆောင်ရန်ငါကြွဆင်းလာပြီ။ ထို ပြည်သည်မြေသြဇာထက်သန်၍အစာရေ စာပေါကြွယ်ဝ၏။ ထိုပြည်တွင်ခါနာန်အမျိုး သား၊ ဟိတ္တိအမျိုးသား၊ အာမောရိအမျိုးသား၊ ဖေရဇိအမျိုးသား၊ ဟိဝိအမျိုးသား၊ ယေဗုသိအမျိုးသားတို့နေထိုင်ကြ၏။-
Numbers 14:31သင်တို့၏သားသမီးများကိုရန်သူဖမ်းသွား လိမ့်မည်ဟုသင်တို့ဆိုကြ၏။ သို့ရာတွင်ငါ သည်သင်တို့မသွားလိုသောပြည်သို့သင်တို့ ၏ကလေးများကိုပို့ဆောင်သဖြင့် သူတို့ သည်ထိုပြည်တွင်နေထိုင်ရလိမ့်မည်။-
Deuteronomy 1:20ငါက`ငါတို့၏ဘုရားသခင်ထာဝရ ဘုရားငါတို့ဘိုးဘေးများ၏ဘုရားသခင် က ငါတို့အားပေးတော်မူမည့်အာမောရိ တောင်ကုန်းဒေသသို့သင်တို့ယခုရောက်ရှိ ကြပြီ။ ဘုရားသခင်မိန့်တော်မူသည့်အတိုင်း ချီတက်၍သိမ်းပိုက်ကြလော့။ မကြောက်ကြ နှင့်။ တုံ့နှေးခြင်းမရှိကြနှင့်' ဟုသင်တို့အား ပြောခဲ့၏။
Deuteronomy 2:7``သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ပြုခဲ့လေသမျှကိုအဘယ်သို့ကောင်း ချီးပေးတော်မူခဲ့သည်ကို သတိရကြလော့။ ဤကျယ်ပြန့်သောတောကန္တာရကိုလှည့်လည်ဖြတ် သန်းရာခရီး၌ သင်တို့ကိုစောင့်ရှောက်တော်မူ ခဲ့ပြီ။ ကိုယ်တော်သည်နှစ်ပေါင်းလေးဆယ်ပတ် လုံးသင်တို့နှင့်အတူရှိတော်မူသဖြင့် သင် တို့လိုအပ်သမျှကိုရရှိခဲ့ကြပြီ။''
Joshua 24:8ထိုနောက်ငါသည်သင်တို့ကိုအာမောရိအမျိုး သားတို့နေထိုင်ရာယော်ဒန်မြစ်အရှေ့ဘက်သို့ ပို့ဆောင်ခဲ့သည်။ သူတို့သည်သင်တို့ကိုတိုက်ခိုက် ကြသော်လည်းငါသည်သင်တို့အားအနိုင်ရစေ၏။ သင်တို့သည်သူတို့၏ပြည်ကိုချီတက်သိမ်းပိုက် သောအခါငါသည်သူတို့ကိုသုတ်သင်ပယ်ရှင်း ခဲ့၏။-