The Bible Software
bible.software › Amos › Amos 2 › Amos 2:9

Amos 2:9

``ထို​သို့​နှင့်​ပင်​ငါ​၏​လူ​မျိုး​အ​ပေါင်း​တို့၊ ငါ​သည်​သင်​တို့​အ​တွက်​အာ​ရဇ်​ပင်​တ​မျှ မြင့်​မား​၍​သ​ပိတ်​ပင်​အ​လား သန်​မာ​လှ သည့်​အာ​မော​ရိ​လူ​မျိုး​ကို​အ​ပြီး​အ​ပိုင် တိုက်​ဖျက်​ခဲ့​ပြီ။-

Common Language Bible

In The King James Version

Yet destroyed I the Amorite before them, whose height was like the height of the cedars, and he was strong as the oaks; yet I destroyed his fruit from above, and his roots from beneath.

In Context

8ဝတ်​ပြု​ရာ​နေ​ရာ​တိုင်း​၌​ဆင်း​ရဲ​သူ​များ ထံ​မှ​အ​ပေါင်​ခံ​ပစ္စည်း​အ​ဖြစ်​နှင့်​ရ​ယူ ထား​သော​အ​ဝတ်​အ​ထည်​များ​ကို​ခင်း ကာ​အိပ်​စက်​ကြ​လေ​ပြီ။ သူ​တို့​ကိုး​ကွယ် သော​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​တွင် ကြွေး​တင်​နေ​သူ​များ​ထံ​မှ​လျော်​ကြေး အ​ဖြစ်​ရ​ယူ​လာ​သော​စ​ပျစ်​ရည်​ကို သောက်​ကြ​လေ​ပြီ။

10ငါ​သည်​သင်​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ် ဆောင်​လာ​ခဲ့​၏။ တော​ကန္တာ​ရ​အ​တွင်း​၌ အ​နှစ်​လေး​ဆယ်​ပတ်​လုံး​ပို့​ဆောင်​ခဲ့​ပြီး အာ​မော​ရိ​လူ​မျိုး​တို့​၏​မြေ​ယာ​များ ကို​သင်​တို့​ပိုင်​ဆိုင်​ရန်​ပေး​အပ်​ခဲ့​ပြီ။-

Read all of Amos 2

Cross References

Exodus 3:8အီ​ဂျစ်​အ​မျိုး​သား​တို့​လက်​တွင်း​မှ​သူ​တို့ အား​ကယ်​တင်​ပြီး​လျှင် ထို​ပြည်​မှ​ထုတ်​ဆောင် လျက်​မြေ​သြ​ဇာ​ထက်​သန်​၍​ကျယ်​ပြန့်​သော ပြည်​သို့​ပို့​ဆောင်​ရန်​ငါ​ကြွ​ဆင်း​လာ​ပြီ။ ထို ပြည်​သည်​မြေ​သြ​ဇာ​ထက်​သန်​၍​အ​စာ​ရေ စာ​ပေါ​ကြွယ်​ဝ​၏။ ထို​ပြည်​တွင်​ခါ​နာန်​အ​မျိုး သား၊ ဟိတ္တိ​အ​မျိုး​သား၊ အာ​မော​ရိ​အ​မျိုး​သား၊ ဖေ​ရ​ဇိ​အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး​သား၊ ယေ​ဗု​သိ​အ​မျိုး​သား​တို့​နေ​ထိုင်​ကြ​၏။-

Numbers 13:28သို့​ရာ​တွင်​ထို​ပြည်​၌​နေ​ထိုင်​သူ​တို့​သည် အင်​အား​ကြီး​၍ တံ​တိုင်း​အ​ကာ​အ​ရံ​ရှိ သော​မြို့​ကြီး​များ​တွင်​နေ​ထိုင်​ကြ​ပါ​သည်။ ထို​မျှ​မ​က​အ​လွန်​ထွား​ကြိုင်း​သော​လူ​မျိုး ၏​အ​ဆက်​အ​နွယ်​များ​ကို​လည်း​တွေ့​မြင် ခဲ့​ရ​ပါ​သည်။-

Numbers 21:23သို့​ရာ​တွင်​ရှိ​ဟုန်​ဘု​ရင်​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား မိ​မိ​၏​ပြည်​ကို​ဖြတ် သန်း​ခွင့်​မ​ပေး​ချေ။ သူ​သည်​တော​ကန္တာ​ရ​ရှိ ယာ​ဟတ်​မြို့​သို့​စစ်​ချီ​လာ​ပြီး​လျှင် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​တိုက်​ခိုက်​လေ​သည်။-

Deuteronomy 1:28ငါ​တို့​သည်​အ​ဘယ်​ကြောင့် ထို​ပြည်​သို့​သွား ရ​ပါ​မည်​နည်း။ ငါ​တို့​သည်​ကြောက်​ရွံ့​ပါ​၏။ ငါ​တို့​စေ​လွှတ်​လိုက်​သော​သူ​များ​ပြော​ကြား ချက်​အ​ရ ထို​ပြည်​သား​တို့​သည်​ငါ​တို့​ထက် ခွန်​အား​ကြီး​၍ အ​ရပ်​အ​မောင်း​လည်း​မြင့်​မား သည်။ သူ​တို့​သည်​မိုး​ထိ​အောင်​မြင့်​သော​မြို့​ရိုး အ​တွင်း​၌​နေ​ထိုင်​ကြ​သည်။ အ​လွန်​ထွား ကြိုင်း​သော​သူ​များ​ကို​တွေ့​မြင်​ခဲ့​ကြ​သည်' ဟူ​၍​သင်​တို့​ပြော​ဆို​ညည်း​ညူ​ကြ​သည်။

Deuteronomy 2:24``ထာ​ဝ​ရ​ဘု​ရား​က`ယ​ခု​ခ​ရီး​စ​ထွက်​၍ အာ​နုန်​မြစ်​ကို​ကူး​ကြ​လော့။ ငါ​သည်​ဟေ​ရှ ဘုန်​ဘု​ရင်​အာ​မော​ရိ​အ​မျိုး​သား​ရှိ​ဟုန်​နှင့် တ​ကွ သူ​၏​တိုင်း​ပြည်​ကို​သင်​တို့​၏​လက်​သို့ အပ်​မည်။ သူ​၏​နယ်​မြေ​ကို​သိမ်း​ပိုက်​ရန်​စ​တင် ချီ​တက်​တိုက်​ခိုက်​လော့။-

Deuteronomy 9:1``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နား​ထောင်​ကြ လော့။ သင်​တို့​သည်​ယ​နေ့​ယော်​ဒန်​မြစ်​တစ်​ဘက် သို့​ကူး​ပြီး​လျှင် သင်​တို့​ထက်​များ​ပြား​၍​အင် အား​ကြီး​သော​လူ​မျိုး​များ​၏​ပြည်​ကို​သိမ်း ယူ​ရ​တော့​မည်။ သူ​တို့​၏​မြို့​တို့​သည်​ကြီး​၍ မိုး​ထိ​မြင့်​သော​မြို့​ရိုး​ဖြင့်​ကာ​ကွယ်​ထား​၏။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Amos 2:9

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Amos 2:8Amos 2Amos 2:10 →