Amos 4:7
သင်တို့ပျိုးပင်အတွက်မိုးရေအလိုဆုံး သောအချိန်တွင်ငါသည်မိုးခေါင်စေခဲ့၏။ တစ်မြို့ပေါ်၌သာရွာသွန်းစေပြီးကျန်တစ် မြို့ပေါ်သို့မရွာစေရန် တားခဲ့သူမှာငါပင် ဖြစ်၏။ လယ်တစ်ခင်းသည်မိုးကိုရ၍ကျန် တစ်ခင်းမှာမူသွေ့ခြောက်ခဲ့လေပြီ။-
Common Language Bible
In The King James Version
In Context
Cross References
Exodus 8:22ထိုနေ့တွင်ငါ၏လူမျိုးတော်နေထိုင်ရာ ဂေါရှင်ဒေသကိုချန်လှပ်၍ထားသဖြင့် ထို ဒေသ၌မှက်ကောင်မရှိစေရ။ ထိုသို့ပြုခြင်း အားဖြင့်ငါထာဝရဘုရားသည်ဤပြည် တွင်ရှိတော်မူကြောင်းကိုသင်သိရလိမ့်မည်။-
Exodus 9:26ဣသရေလအမျိုးသားတို့နေထိုင်ရာ ဂေါရှင်ဒေသသည်သာလျှင် မိုးသီးမိုး ဒဏ်မှလွတ်ကင်းသည်။
Leviticus 26:18``သင်တို့သည်ထိုမျှလောက်သောဒဏ်ကိုခံရ လျက်နှင့် ငါ၏ပညတ်တို့ကိုမစောင့်ထိန်းဘဲ နေသေးလျှင် ငါသည်သင်တို့အားအပြစ် ဒဏ်ကိုခုနစ်ဆတိုး၍ခံစေမည်။-
Leviticus 26:27``သင်တို့သည်ထိုမျှလောက်သောဒဏ်ကိုခံရ ပြီးနောက် ငါ့ကိုဆက်လက်အာခံ၍ငါ့စကား ကိုနားမထောင်ဘဲနေသေးလျှင်၊-
Deuteronomy 28:23မိုးမရွာသဖြင့်သင်တို့၏မြေသည်သံ ကဲ့သို့မာကျောလာလိမ့်မည်။-
1 Kings 8:35``ကိုယ်တော်သည်မိမိ၏လူမျိုးတော်အား ကိုယ် တော်ကိုပြစ်မှားသည့်အတွက်ဆုံးမတော်မူ ရန်မိုးခေါင်စေတော်မူသောအခါ သူတို့သည် နောင်တရ၍ဗိမာန်တော်သို့မျက်နှာမူလျက် နှိမ့်ချသောစိတ်နှင့်အထံတော်သို့ဆုတောင်း ပတ္ထနာပြုလျှင်၊-