Amos 5:6
ထာဝရဘုရားထံသို့သွားလော့။ သို့ပြု လျှင်အသက်ချမ်းသာလိမ့်မည်။ ထိုသို့မ ပြုလျှင်ကိုယ်တော်အရှင်သည်မီးကဲ့သို့ ရွာသွန်းလာပြီး ယောသပ်အမျိုးအနွယ် တို့ကိုလောင်ကျွမ်းလိမ့်မည်။ ဗေသလမြို့ သားများကိုလောင်ကျွမ်းကုန်၍ထိုမီး ကိုမည်သူကမျှမငြိမ်းသတ်နိုင်ချေ။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 48:8ယာကုပ်သည်ယောသပ်၏သားနှစ်ယောက် ကိုမြင်လျှင်``ဤသူငယ်တို့သည်မည်သူနည်း'' ဟုမေး၏။
Joshua 18:5ထိုပြည်ကိုခုနစ်ပိုင်းပိုင်းခြားရမည်။ ယုဒ အနွယ်ဝင်တို့သည်မိမိတို့၏တောင်ဘက်နယ် မြေ၌လည်းကောင်း၊ ယောသပ်အနွယ်ဝင်တို့ သည်မိမိတို့၏မြောက်ဘက်နယ်မြေ၌လည်း ကောင်းနေထိုင်ရကြမည်။-
2 Samuel 19:20အရှင်၊ အကျွန်ုပ်သည်ပြစ်မှားမိပါပြီ။ သို့ ဖြစ်၍မြောက်ဘက်အနွယ်ဝင်များထဲမှ အကျွန်ုပ်သည်ဦးစွာပထမအရှင်မင်း ကြီးအား ယနေ့လာရောက်ကြိုဆိုခြင်း ဖြစ်ပါ၏'' ဟုလျှောက်၏။
2 Chronicles 34:25သူတို့သည်ငါ့ကိုပစ်ပယ်၍အခြားဘုရား များအားယဇ်ပူဇော်ကြလေပြီ။ သို့ဖြစ်၍ သူတို့သည်မိမိတို့ပြုသမျှသောအမှု များအားဖြင့် ငါ၏အမျက်တော်ကိုလှုံ့ဆော် ပေးကြ၏။ ငါသည်ယေရုရှလင်မြို့ကို အမျက်ထွက်လျက်နေပြီဖြစ်၍ ထိုအမျက် ကိုငြိမ်းသတ်ရမည်မဟုတ်။-
Isaiah 1:31သစ်ခြောက်သည်မီးပွားကြောင့်မီးစွဲလောင်ရသည်နည်းတူတန်ခိုးကြီးမားသူတို့သည်လည်း မိမိတို့၏ဒုစရိုက်များကြောင့်ဆုံးပါးပျက်စီးရကြလိမ့်မည်။ ယင်းသို့ဆုံးပါးပျက်စီးမှုကိုလည်းအဘယ်သူမျှဆီးတား၍ရလိမ့်မည်မဟုတ်'' ဟုမြွက်ဆိုလေသည်။