The Bible Software
bible.software › Amos › Amos 5 › Amos 5:7

Amos 5:7

လူ​သား​တို့​၏​ရ​ပိုင်​ခွင့်​များ​ကို​မ​တ​ရား ပိတ်​ပင်​၍ တ​ရား​မျှ​တ​မှု​ကို​မှောက်​လှန်​နေ ကြ​သူ​တို့၊ သင်​တို့​သည်​ကြမ္မာ​ဆိုး​နှင့်​မ​လွဲ မ​သွေ​ကြုံ​ရ​တော့​မည်​ဟု​မိန့်​တော်​မူ​၏။

Common Language Bible

In The King James Version

Ye who turn judgment to wormwood, and leave off righteousness in the earth,

In Context

6ထာ​ဝ​ရ​ဘု​ရား​ထံ​သို့​သွား​လော့။ သို့​ပြု လျှင်​အ​သက်​ချမ်း​သာ​လိမ့်​မည်။ ထို​သို့​မ ပြု​လျှင်​ကိုယ်​တော်​အ​ရှင်​သည်​မီး​ကဲ့​သို့ ရွာ​သွန်း​လာ​ပြီး ယော​သပ်​အ​မျိုး​အ​နွယ် တို့​ကို​လောင်​ကျွမ်း​လိမ့်​မည်။ ဗေ​သ​လ​မြို့ သား​များ​ကို​လောင်​ကျွမ်း​ကုန်​၍​ထို​မီး ကို​မည်​သူ​က​မျှ​မ​ငြိမ်း​သတ်​နိုင်​ချေ။-

8ထာ​ဝ​ရ​ဘု​ရား​သည်​ကြယ်​တာ​ရာ အ​ပေါင်း​တို့​ကို ဖန်​ဆင်း​တော်​မူ​၏။ ခိ​မ​ကြယ်​စု​နှင့်​ခ​သိ​လ​ကြယ်​စု​ကို​လည်း ဖန်​ဆင်း​တော်​မူ​ခဲ့​ပြီ။ အ​မှောင်​ကို​အ​လင်း​ဖြစ်​စေ​၍​နေ့​ကို​လည်း ည​အ​ဖြစ်​သို့​ပြောင်း​လဲ​ခဲ့​ပြီ။ ပင်​လယ်​ရေ​အ​ပေါင်း​တို့​ကို​ခေါ်​ယူ​ကာ မြေ​ကြီး​ပေါ်​မှာ​သွန်း​တော်​မူ​ခဲ့​ပြီ။ ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​မှာ​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။

Read all of Amos 5

Cross References

Deuteronomy 29:18ဤ​နေ​ရာ​၌​ယ​နေ့​ရပ်​နေ​ကြ​သော​သူ​တို့ တွင်​မည်​သည့်​ယောကျာ်း​သို့​မ​ဟုတ်​မိန်း​မ သော်​လည်း​ကောင်း၊ မိ​သား​စု​သို့​မ​ဟုတ် အ​နွယ်​သော်​လည်း​ကောင်း​ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်​၍ လူ​မျိုး ခြား​တို့​၏​ဘု​ရား​များ​ကို​မ​ကိုး​ကွယ် မိ​စေ​ရန်​သ​တိ​ပြု​ကြ​လော့။ ထို​သို့​ပြု မိ​လျှင် ခါး​၍​အ​ဆိပ်​ရှိ​သော​အ​ပင်​ကို ဖြစ်​ပွား​စေ​သည့်​အ​မြစ်​သ​ဖွယ်​ဖြစ် လိမ့်​မည်။-

Psalms 125:5သို့​ရာ​တွင်​မ​ကောင်း​မှု​ပြု​သူ​တို့​အား​အ​ပြစ်​ဒဏ် စီ​ရင်​တော်​မူ​သော​အ​ခါ နည်း​လမ်း​တော်​ကို​စွန့်​သူ​တို့​ကို​လည်း အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ပါ။ ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​ငြိမ်း​ချမ်း သာ​ယာ​မှု​ကို​ခံ​စား​ရ​ကြ​ပါ​စေ​သော။

Isaiah 5:7ဣ​သ​ရေ​လ​ပြည်​သည်​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​၏​ဥ​ယျာဉ်​ဖြစ်​၏။ ယု​ဒ​ပြည်​သူ​တို့​မှာ​ကိုယ်​တော်​စိုက်​ပျိုး​သည့် စ​ပျစ်​ပင်​များ​ဖြစ်​ကြ​၏။ သူ​တို့​သည်​သု​စ​ရိုက်​ကို​ပြု​လိမ့်​မည်​ဟု ကိုယ်​တော်​မျှော်​လင့်​တော်​မူ​ခဲ့​၏။ သို့​ရာ​တွင်​သူ​တို့​က​လူ​သတ်​မှု​ကို ကူး​လွန်​ကြ​လေ​သည်။ သူ​တို့​သည်​ဖြောင့်​မှန်​ရာ​ကို​ပြု​လိမ့်​မည်​ဟု ကိုယ်​တော်​မျှော်​လင့်​တော်​မူ​ခဲ့​၏။ သို့​ရာ​တွင်​သူ​တို့​၏​အ​နှိပ်​အ​စက်​ခံ​ရ​ကြ သူ​တို့​သည် တ​ရား​မျှ​တ​မှု​ရ​ရှိ​ရန်​အော်​ဟစ်​လျက် နေ​ကြ​လေ​သည်။

Isaiah 10:1သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ ငါ​၏​လူ​မျိုး တော်​အား​နှိပ်​စက်​ညှင်း​ဆဲ​ရန်​မ​တ​ရား​သည့် ဥ​ပ​ဒေ​များ​ကို​ထုတ်​ကြ​၏။-

Isaiah 59:13ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​ကို​ပုန်​ကန် ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​ကို​ပစ်​ပယ်​ကာ​နောက် တော်​သို့​လိုက်​ရန်​ငြင်း​ဆန်​ခဲ့​ကြ​ပါ​၏။ ကျွန် တော်​မျိုး​တို့​သည်​သူ​တစ်​ပါး​တို့​အား​နှိပ်​စက် ညှင်း​ဆဲ​၍​ကိုယ်​တော်​ရှင်​ကို​လည်း​ပုန်​ကန်​ကြ ပါ​ပြီ။ ကျွန်​တော်​မျိုး​တို့​၏​အ​ကြံ​အ​စည် များ​သည်​မူ​မ​မှန်​ပါ။ ကျွန်​တော်​မျိုး​တို့​၏ စ​ကား​များ​သည်​လည်း​မု​သား​ဖြစ်​ပါ​၏။-

Ezekiel 18:24``သို့​ရာ​တွင်​ဖြောင့်​မတ်​သော​သူ​သည်​ကောင်း မှု​ကို​ရပ်​စဲ​၍ သူ​ယုတ်​မာ​တို့​ပြု​ကျင့်​တတ် သည့်​စက်​ဆုတ်​ဖွယ်​ရာ​ဆိုး​ညစ်​မှု​တို့​ကို ပြု​လျှင် သူ​သည်​ဆက်​လက်​၍​အ​သက်​ရှင် မည်​လော။ အ​သက်​မ​ရှင်​ရ။ သူ​ပြု​ခဲ့​သည့် ကောင်း​မှု​ကို​ငါ​အ​မှတ်​ရ​တော့​မည်​မ​ဟုတ်။ သူ​သည်​သစ္စာ​မဲ့​မှု​ကြောင့်​အ​ပြစ်​ရှိ​၍ မိ​မိ​ကူး​လွန်​ခဲ့​သည့်​အ​ပြစ်​များ အ​တွက်​သေ​ရ​လိမ့်​မည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Amos 5:7

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Amos 5:6Amos 5Amos 5:8 →